{ 8 } Uni

16.9K 1K 38
                                    

"​မရှိပေမဲ့လဲ ထန်ထန်ကလေ သရဲဆိုရင် အတွေးထဲ ပေါ်လာရင်တောင် ကြောက်တာ ညဘက် သရဲ ကြောက်လာရင် ဘယ်လို လုပ်ရမလဲ ဟင်
ကို........ချမ်းဆောင်းဟန် "

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သေချာစိုက်ကြည့်ရုံသာမက မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်ဖြင့် ပြောနေပုံလေးက ချစ်စရာကောင်းလွန်းလို့ ချမ်းဆောင်းဟန် အသည်းတယားယား ဖြစ်နေရသည်။ထို့ပြင် မျက်လုံးမိုးပြာရင့်ရောင်လေးတွေက အနီးကပ်ကြည့်လေ ပိုလှလေ ဖြစ်နေတာကြောင့် သူ့အရှေ့ကအလှတရားလေးကို ပို တပ်မက်လာသည်။စိတ်ကအတွေးဟာ ပါးစပ်ဖျားမှ ထွက်ပေါ်လာသည်။

"ကိုယ်နဲ့ လာအိပ်လိုက်လေ "

ချမ်းဆောင်းဟန်ရဲ့ အဖြေစကားကြောင့် မင်းသခင်ခက်ထန် ပြုံးမိသွားသည်။ဒီလူက တကယ်ကို သူ့အား စားချင်နေတာ သိပ်သိသာသည်။ထို့ကြောင့်လဲ ဒီလူအား ပိုကလိချင်လာသည်။

"ကို ........ချမ်းဆောင်းဟန်က ဒီမှာ နေတာလား"

"ဟိုလေ ထန်ထန် ..ကိုယ်နဲ့ စကားပြောရင် ကိုဆိုတာကြီးကို သံရှည်ဆွဲပြီး နာမည်ကြီး တပ်မခေါ်လို့ ရမလားဟင်"

"ကို........ချမ်းဆောင်းဟန် က မကြိုက်လို့လားဟင်"

"မကြိုက်တာ မဟုတ်ပါဘူး။ နာမည် အရှည်ကြီး ခေါ်နေရတော့ ထန်ထန်လေးမောနေမှာစိုးရိမ်လို့ပါ။ အဲ့ဒါကြောင့် ကိုကို လို့ ပဲ အတိုကောက် ခေါ်လိုက်ပါတော့လား"

မျက်ခုံးလေး တစ်ဖက်ပင့်ကာ ပြုံးစစ ပြောလာတဲ့ ချမ်းဆောင်းဟန်ရဲ့ ပုံစံလေးက မင်းသခင်ခက်ထန်မျက်လုံးထဲ တစ်မျိုးလေးဆန်းနေသည်။

မင်းသခင်ခက်ထန်အနေနဲ့ သူ့အရှေ့က ပုဂ္ဂိုလ်ဟာ လက်သွက် ၊ခြေသွက်၊ လက်မြန် ၊ခြေမြန်မှန်း သိပေမဲ့ ဒီလောက်ထိ အတင့်ရဲလိမ့်မယ်လို့ မထင်မိ။သို့ပေမယ့် ဒီလူနဲ့ ဆက်ကစားချင်သေးတာကြောင့် ...

"ကိုကို ဆိုတာကြီးက မခေါ်ချင်ပါဘူး ။ထန်ထန့် အကိုလဲ မဟုတ်ဘဲ နဲ့။ "

"ထန်ထန့် မှာ အကို ရှိတာလား"

"မရှိပါဘူး ..ထန်ထန်က တစ်ဦးတည်းသော သားလေ.. သြော် သမီးလို့ ပြောတာ"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now