{ 63 } Uni

7.9K 588 250
                                    

ချမ်းဆောင်းဟန်က   နောက်ပြောင်  နေပေမဲ့ မင်းသခင်ခက်ထန်က အတည်ထင်သွားပြီး ပြူးကြောင်ကြောင်လေး ဖြစ်သွားတဲ့ရုပ်ကလေးက ချစ်စရာကောင်းလွန်းလို့ ချမ်းဆောင်းဟန် အသည်းယားပြီးရင်း ပိုယားလာတာကြောင့် အိမ်ပြန်ချင်စိတ်တွေက ပိုတိုးလာရသည်။

သို့သော်လည်း အကြီး ဖြစ်သူမို့ ဆန္ဒကို သိက္ခာနဲ့ ထိန်းထားရသေးသည်။

ချမ်းဆောင်းဟန်းရဲ့ ပေါင်ပေါ်မှာ မင်းသခင်ခက်ထန် ထိုင်နေရင်း ချမ်းဆောင်းဟန်ရဲ့ အလယ်ပိုင်း နေရာကနေ အပူချိန်ကိုခံစားရသည်။ချမ်းဆောင်းဟန်ရဲ့အပူချောင်းက သူ့ပေါင်တွေကို ထိနေတာမို့ ချမ်းဆောင်းဟန်ရဲ့ ပေါင်ပေါ်ကနေ ချက်ချင်းထပြီး ချမ်းဆောင်းဟန်ရဲ့ ဘေး က ထိုင်ခုံပေါ်မှာ ထိုင်လိုက်၏ ။

ဘုရားပေါ်မှာ ဒါကြီးက မဖြစ်သင့်ဘူး။
သူ့ကြောင့်နဲ့ ကိုကို့ ကို ငရဲ မကြီးစေချင်ဘူး။

ချမ်းဆောင်းဟန် ကိုယ်တိုင်လဲ သူ့အခြေအနေသူသိပေမဲ့ ဒါက ပုံမှန်လောက်ပင် ။အများကြီး ထူးခြားနေတာမျိုး မဟုတ်တာကြောင့် သူ့အတွက်က အေးဆေးဖြစ်နေသော်လည်း မင်းသခင်ခက်ထန်က အထင်လွဲပြီး ထသွားတာကြောင့် ဒေါသစိတ်က တစ်ဖန်ပြန်ကြွ လာသည်။

"ဘာလို့ ငါ့ပေါင်ပေါ်က ထ သွားတာလဲ မင်းသခင်ခက်ထန် !!!!"

ချမ်းဆောင်းဟန် ဒေါသစိတ်ကြောင့် အသံတွေပါ ကျယ်ကုန်သည်။

အကြွေစေ့သွားဝယ်ပြီး ပြန်လာတဲ့ မင်းသန့်ကိုကိုမောင်ရော ချမ်းဆောင်းဟန်တို့ အနားမှာ ရှိနေဆဲဖြစ်တဲ့ မောင် အပြင်   ကျီးပါးစပ်ဂူထဲကနေထွက်လာကြတဲ့ မေရှားတို့အတွဲနဲ့ စိုင်းဖြိုးတို့ အတွဲပါ စိတ်ပူသွားကြသည်။

အကုန်လုံးကသာ သူတို့ ကိစ္စထဲ သိပ်ဝင်မပါကြပေမဲ့ ဘုရားပေါ်ကြီးမှာ ရန်ထဖြစ်ကြမှာကိုတော့ စိုးရိမ်သည်။သို့သော် ကြားလိုက်ရတဲ့ ချွဲသံ သေးသေးလေး​ကြောင့် ဒေါသကြီးသူကြီး အခြေအနေပြောင်းသွားတဲ့အတွက် အေးချမ်းသွားရပြန်သည်။

ချမ်းဆောင်းဟန်ဆိုတဲ့ လူသား က အကြမ်းနည်းနဲ့ ကိုင်တွယ်လို့ ရတဲ့ လူသား မဟုတ်မှန်း မင်းသခင်ခက်ထန် နားလည်ပြီးသားပါ။
အဲ့ဒါကြောင့်လဲ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ မွေးရာပါ နူးညံ့ခြင်းတွေ အကုန်လုံးကို ချမ်းဆောင်းဟန် အရှေ့မှာသာ ထုတ်ပြ အသုံးပြုသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now