{ 49 } Uni

12.1K 822 293
                                    

တစ်ကိုယ်လုံး နက်ဆွေးနေအောင် ဝတ်ထားသည့်ခန့်က အသက် ၄၀ကျော်နေပြီဖြစ်ပေမဲ့ ခန့်ညားတဲ့ အသွင်အပြင်ရှိပြီး  မျက်လုံးတစ်ဖက်အတုထည့်ထားသည့်တိုင်တောင် နုပျိုပြီး အရွယ်တင်သည်။

မိခင်ကိုရီးယားနှင့်ဖခင်မြန်မာတို့ကမွေးဖွားခဲ့ပြီး မြန်မာကိုရီးယား ကပြားဖြစ်သည့်အလျောက် အသားအရည်လဲလှသည်။

မျက်ခုံးထူထူ၊မေးရိုးထင်းထင်းတို့က ခန့် ရဲ့ ကြည့်ကောင်းမှုတွေကို ပိုပံ့ပိုးပေးသည်။မျက်လုံးတစ်ဖက်က အတုတပ်ထားတာကြောင့် ဒေါသထွက်သည့်အချိန်ဆို ကြောက်စဖွယ်အတိ။ယခုလဲ တပည့်ဖြစ်သူ လွီလွဲ့လောင် တင်ပြတဲ့ အစီအရင်ခံမှုကြောင့် ဒေါသတို့က အဆုံးအစမဲ့ ထွက်လာရတဲ့အခါ သူ့အကြည့်အား ဘယ်တပည့်မှ မခံယူဝံ့။

"ဘယ်လိုသေတာလဲ!"

"နားရွက် တစ်ဖက် ပြတ်ပြီး ....သေနတ်ဒဏ်ရာနဲ့ သေတာပါ"

"တောက် စ်! အလောင်းရော ဘယ်မှာလဲ လွီလွဲ့လောင်"

"ရေခဲတိုက်ထဲ ပို့ ထားပါတယ် "

"သွားမယ်"

နားရွက် အဖြတ်ခံရပြီး သေတယ်ဆိုကတည်းကိုက ထန် ဖြစ်လိမ့်မယ်လို့ပဲ စိတ်ထဲမှာ တွေးမိသည်။
ထန် က လူ တစ်ယောက်ကို သတ်မယ်ဆို ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန် သတ်တဲ့ ကောင်မျိုး မဟုတ်ဘူး။ ထန် က စစ်ဆေးမေးမြန်းမှု လုပ်နေရင်း စိတ်မရှည်ရင် မရှည်သလို နားရွက်ဖြတ်သတ် တတ်တဲ့ သူမျိုး ဖြစ်နေတာကြောင့် ထီထွယ်ထွိုင် ကို သတ်တာ ထန် ဖြစ်ဖို့ များသည်။

အထူးသဖြင့် သူတို့လောကမှာ တစ်စုံတစ်ယောက် နားရွက် အဖြတ်ခံရပြီဆို သေချာပေါက် ထန့် လက်ချက်။

ခန့် ရေခဲတိုက်ထဲ ရောက်တဲ့အခါ ရင်ခွဲရုံထဲမှာရှိတဲ့  ထီထွယ်ထွိုင်ရဲ့အလောင်းမှာ ပထမဆုံး ကြည့်မိသည်က နားရွက်နေရာ။ အစက ထန်လို့ထင်ပေမဲ့ မဟုတ်ပါစေနဲ့လို့ သူဆုတောင်းမိသည်။သို့သော် နားရွက်အဖြတ်ခံထားရတဲ့ အရာကလေးကို ကြည့်ပြီး ထန် မှန်း ပိုသေချာသွားသည်။ထန် ကိုင်နေကျ ဓားသွားနဲ့ ထန် နားရွက်ဖြတ်နေကျ ပုံစံအတိုင်းရှိနေတာမို့ သေချာပေါက် ထီ့ကို သတ်တာ ထန် ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now