{ 43 } Uni

11.5K 881 207
                                    

ချမ်းဆောင်းဟန် ကားမောင်းနေရင်း Lover Seat မှာထိုင်နေတဲ့ ဇွေးက အငြိမ်မနေဘဲ ဟို အုပ် ဒီအုပ် လုပ်နေတာကြောင့် အစက မမေးဘဲ ထားပေမဲ့ တဖြည်းဖြည်း ပိုလှုပ်နေတာကြောင့် ဇွေးကို စိတ်မရှည်သဖြင့် အော်လိုက်၏။

"ဟဲ့ ဇွေး ...နင် ဘာဖြစ်နေတာလဲ
အငြိမ်ကို မနေဘူး!!!"

"ကျောက ဇစ် ပြုတ်သွားလို့ "

"အဲ့ဒါများ ဘာလို့... ဟိုဖုံး ဒီဖုံး လုပ်နေတာလဲ "

"ဘော်လီ မပါလို့လေ "

"ဟမ်"

"အနောက် ဇစ်လေး ဆွဲပေးပါလား ကိုကြီး"

"ဇစ် က ပျက်သွားတာ မဟုတ်ဘူးလား"

"မဟုတ်ဘူး ...တကယ်တော့ အင်္ကျီက ဇွေးထက် တစ်ဆိုဒ်သေးတယ်။ အဲ့ဒါ ကြိုက်လွန်းလို့ ဝတ်ထားတာ။ ဇစ်ကချော ချောပြီး အဲ့လို ဖြစ်ဖြစ်နေတာ"

"တော်တော်ဆိုးဆိုးရွားရွားလေး"

ချမ်းဆောင်းဟန် ပါးစပ်ကသာ စိတ်မရှည်သလိုပြောနေပေမဲ့ လက်ကတော့ ဇစ် ကို ဆွဲပေးကာ.....

"အဆင်ပြေသွားပါပြီ မမလေး"

"အခုလို ကူညီရသော အကျိုးကျေးဇူးကြောင့် ချောချောလေး ရပါစေ"

"ဘာချောချောလေးလဲ"

"ယောက်ျား"

မပေးရင်တောင် ပြည့်နေတဲ့ ဆု ဖြစ်နေတာကြောင့် ချမ်းဆောင်းဟန် ပြုံးစိ ပြုံးစိ ဖြစ်သွားသဖြင့်  ဇွေး သူ့အကို မျက်နှာကို ကြည့်ပြီး  စိတ်ထဲ ဇဝေ ဇဝါ ဖြစ်သွားသည်။

ကိုကြီးများ မတော်တဆ Gay နေတာများလား။

Hotelက Car parking ကို ရောက်တဲ့အခါ ချမ်းဆောင်းဟန် ကားထဲကနေ အရင်ဆင်းလာပြီးနောက် ဇွေးကပါ ကားပေါ်က ဆင်းလာ၏ ။

ဇွေး ကားပေါ်ကနေ ဆင်းလိုက်ကတည်းကို က  သူ့ရဲ့ဇစ် အောက်ကို လျှောလာတာကို သတိထားမိလိုက်တာကြောင့်  ချမ်းဆောင်းဟန်ကို မျက်နှာငယ်လေးဖြင့် မဖြစ်မနေ အကူအညီ တောင်းရတော့သည်။

"ကိုကြီး ဇွေး ဇစ်"

"ကျစ်! အလုပ်တွေကို ရှုပ်နေတာပဲ... ငါ့ အခန်းကို  အရမ်းပြန်ချင်နေပြီ"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now