ONE

1.4K 51 40
                                    

ငြီးငွေ့ဖွယ်ရာ တနင်္ဂနွေနေ့ရဲ့ နေ့လယ်ခင်းအချိန်..
Jihoon တစ်ယောက် ပျင်းရိစွာနဲ့ ကော်ဖီဆိုင်လေးရဲ့ လမ်းကိုမြင်နေရတဲ့‌မှန်ဘေးနားမှာထိုင်ရင်း ဝန်ထမ်းလေးဖွင့်ထားသည့် သီချင်းကို နားထောင်နေ၏

*You know you love me I know you care
Just shout whatever and I"ll be there
You are my love ..You are my heart
And we will never , ever , ever be apart
Are we an item girl, quit playing
We're just friends, What are you saying
Said"there's another" and look right in my eyes
My first love broke my heart for the first time
And I was like Baby Baby baby oh...
Like baby baby baby ,no..
Like baby baby baby oh..
I thought you'd always be mine,mine*

အဲ့အချိန်က တကယ်ခေတ်စားခဲ့သီချင်း..
အတိတ်က လူသားလည်းသိပ်သဘောကျတယ်

အဲ့သီချင်းထွက်တုန်းက Jihoon ၁၆နှစ်‌ေလာက်ပဲရှိသေးသည်
အထက်တန်း ပထမနှစ်ပေါ့..

အတော်ကောင်းတဲ့သီချင်းပါ
သီချင်းတစ်ပုဒ်လုံးမှာအထိမိဆုံးစာသားကိုပြဆိုရင် Jihoon ကတော့ "We're just friends, What are you saying." "My first love broke my heart for the first time."ကိုပြရမှာပဲပေါ့ အတိတ်နဲ့ ကွတ်တိတိုက်ဆိုင်နေတာကို

I thought you'd always be mine,mine...အဟက် တကယ်ထင်ခဲ့ပါတယ် ..သူကအမြဲ ကိုယ့်အပိုင်လို့

.
.
.
လွန်ခဲ့သော 12နှစ်

"အန်တီ Hyunsukမနိုးသေးဘူးလား?"
"မနိုးသေးဘူးသားရေ တက်သာသွားလိုက်"

အပေါ်ထပ်ကို ဆက်သွယ်ထားတဲ့ သစ်သားလှေကားကနေတက်သွားရင် ပထမဆုံးတွေ့ရတဲ့အခန်းက သူ့သူငယ်ချင်းလေး Choi Hyunsukရဲ့ အခန်း

"Hyunsuka ထတော့"

ဘယ်‌ေတာ့မှ တစ်ကြိမ်နှိုးသည်နှင့်မထပါ

"Choi Hyunsuk ထတော့ဟ!!!"
ခုနှစ်သံချီနှင့်အော်တော့မှ
" အွန်းအွန်းထပီ မေမေ"
"မင်းအမေ မဟုတ်ဘူးငါ"

မျက်လုံးလေး မပွင့်တပွင့်နဲ့ ဝေ့ဝဲရှာပီး
Jihoon ကိုမြင်တော့ မပွင့်သေးတဲ့ မျက်လုံးလေးတွေ မှိတ်သည်အထိပြုံးပြသည်

"အော် Jihoona"
"ထပီး မျက်နှာသစ်တော့"

အပြောကိုနားမထောင်ပဲအကြောဆန့်နေပြန်သည်
"၇နာရီပဲရှိသေးတာကို ဘာလာလုပ်တာလဲ"
"Ya! မင်းမေ့နေတာလား ဒီနေ့ စာကြည့်တိုက်မှာ စာရှာရမှာကို"
"အော်အေးမေ့နေတာ"
"မေ့‌ေနရင် ထတော့လေ!!!!"

Justfriend Where stories live. Discover now