FIFTEEN

218 27 38
                                    

ဆူညံနေသည့်ကား ဟာ မှောင်ရည်ပျိုးလာသည်နှင့်အမျှ တိတ်ဆိတ်လို့လာသည်... ဘေးနားက ကောင်ငယ်လေးကတော့ Jihoon ပုခုံးကိုမှီကာဘအိပ်ပျော်လျက် ။

သက်တောင့်သက်သာဖြစ်စေရန်ပြင်ပေးလိုက်ပီး အပြင်ဘက် နှင်းတွေသာ ငေးကြည့်နေလိုက်၏..

စထွက်လာပီး ၃နာရီခန့်အကြာ ၊ ည၈နာရီကျော်မှာတော့  taebaek မြို့အတွင်း ဝင်ရောက်လာသည်။ ထို့ကြောင့် Jihoon လဲ Hyunsuk ကိုနိုးဖို့သာ ဆုံးဖြတ်လိုက်သည်

"Hyunsuka Hyunsuka "
"အွန်"
"ရောက်တော့မယ် ထတော့"

မျက်လုံးကိုမှေးစင်းထားရာကနေ တဖြည်းဖြည်းပွင့်လာကာ အကြောဆန့်နေပြန်သည်။

"မြန်တယ်နော် မင်းက မအိပ်ဘူးလား?"
"အွန်း "
"ငါမှီနေလို့လား "
"မဟုတ်ပါဘူး"

အိပ်ချင်ပြေစ လူသားငယ်ဟာ ငြိမ်ငြိမ်မနေတော့ပါ အ‌ေရှ့က  အတွဲကိုလှမ်းစနေသည်။
ထိုစဉ်ကားက ရုတ်တရက် ဘရိတ်အုတ်လိုက်တာမို့ Hyunsuk တစ်ယောက် ငုတ်တုပ်ထိုင်လျက်ပြန်ကျသွားသည် ။ နာသွားလို့ထင်ပါရဲ့ မျက်နှာလေးကရှုံမဲ့လို့ရယ်

သူ့မျက်နှာအမူအရာကြောင့် Jihoon လဲရယ်မိတော့သည် ။ ပြန်ရလိုက်တာကတော့ မျက်စောင်းလေးနဲ့ လက်မောင်းကို ထိုးချက်တွေ

Jihoon လဲ ငြင်သာတဲ့ ထိုးချက်လေးတွေကို ခံယူပီးသည်နှင့် လက်ပိစိအားဆွဲယူကာ ဆုပ်ကိုင်ထားလိုက်၏.. ထိုလူသားငယ်က သိပ်ကို ချစ်စရာကောင်းတာပဲ

လက်ကလေးအားပြန်ရုန်းသွားပီး ငြိမ်ငြိမ်လေးထိုင်နေပြန်သည်..

မကြာမီပင် ကားရပ်သွားကာ သူတို့လို‌ရာရောက်ပီဖြစ်ကြောင်း ဖော်ပြနေ၏

"ကလေးတို့ ဆင်းလို့ရပီ ‌ေဖြးဖြေးဆင်းကြနော် အခန်းသော့တွေ့ ssamစီမှာလာယူ"

ဟိုတယ် အခန်းပြဿနာတွေကြာမှာစိုးတာနဲ့ ကျောင်းမှာကတည်းက ခွဲပီးသားပင်

Jihoon ကတော့ သေချာပေါက် Hyunsuk နဲ့ပေါ့..၄ယောက်တစ်ခန်းမို့  နောက် ၂ယောက်ကတော့ Haruto နဲ့ Jeongwoo !!




အခန်းထဲရောက်သညိနှင့် လွယ်အိတ်ပစ်ချကာ ကုတင်ပေါ်ဝင်လှဲလိုက်သည့် Hyunsuk

Justfriend Where stories live. Discover now