FIVE

262 37 75
                                    

ဒေါက်ဒေါက်ဒေါက်
"Jihoonieနဲ့ Hyunsukie ထတော့လေ "

ဒေါက်ဒေါက်ဒေါက်
"Nae "

လာနှိုးတဲ့  မေမေကို နိုးတစ်ဝက်အိပ်တစ်ဝက်နှင့် ပြန်ဖြေလိုက်‌ေပမဲ့ နွေးထွေးပီးသက်တောင့်သက်သာရှိတာကြောင့် မထချင်

"Hyunsuka ထတော့လေ"

နှိုးပေမဲ့ သူ့ရင်ခွင်ထဲဝင်အိပ်နေတဲ့ သူငယ်ချင်းပေါက်စက မထသေး

"Hyunsuka ထတော့လို့"

မထသည့်အပြင် ပိုတိုးဖက်လာ၏

ဒုတ် ဒုတ် ဒုတ်

သူ့နှလုံးခုန်သံတွေက ဘာလို့စည်းချက်လွဲနေရတာလဲ?
"ထတော့လို့ဆိုနေ"

ပါးကိုဆွဲဖျစ်လိုက်မှ ဆူပုတ်ပုတ်ကလေးနိုးထလာ၏

"ခနအိပ်ချင်သေးတယ်"
"အဲ့တာဆို ငါ့ကိုလွတ်ပေး ငါမျက်နှာသစ်ပီးပြန်လာရင် နှိုးမယ် "
"အွန်း"

အိပ်ချင်မူးတူးလေးဆိုရင်း  ဖက်ထားတဲ့ Jihoonခါးပေါ်က လက်ကိုဖယ်လိုက်သည်

အိပ်နေတဲ့ Hyunsuk. မျက်နှာက ကလေးတစ်ယောက်နှယ်။ အပူအပင် ကင်းလှပါ၏

Jihoonပြန်ဝင်လာချိန်ထိ Hyunsukကအိပ်နေတုန်း
"ထတော့ ငါတောင်ပြန်ရောက်နေပီ"
"အွန်း"
အိပ်နေရာကထကာ ပုံပုံကလေးထထိုင်နေ၏

မိုးထိုးနေတဲ့ဆံပင်တွေကြောင့် ဆံပင်ကို ဖွဖွ သပ်ပေးလိုက်သည် တစ်ဆက်တည်း Hyunsuk အပြုအမူကြောင့် Jihoonမှာ လိပ်ပြာလွင့်မတတ်

အနားထိတိုးလာပီး ထိုင်လျက်နဲ့ ရပ်နေတဲ့ Jihoonခါးကိုဖက်ကာ မှီနေသည်
"Hyunsuka "
"ဒီအတိုင်း‌ေလးပဲ ခနနေပေး"
"အွန်း ဟုတ်ပီ "

Hyunsuk ဒီလို ကပ်ချွဲနေပုံအရဆိုရင် သူ့မှာ မွန်းကြပ်စရာတစ်ခုရှိနေသည့်ပုံပင်
"ဒီနေ့ ငါတို့ကျောင်းမသွားဘဲနေမလား မနက်ဖြန် ပိတ်တာပဲကို"

မော့ကြည့်လာပီး
"အဲ့လိုလုပ်မလား?"
"မင် လုပ်ချင်ရင် လုပ်မယ်လေ "
"အင်း"

ခေါင်းလေးငြိမ့်ကာ ငြိမ်သွားပြန်သည်
"ဒါဆို ဘာလုပ်မလဲ?"
"ခနပြန်အိပ်ရအောင်"
"အိုကေ"

Jihoon လဲ Hyunsukဘေးဝင်အိပ်လိုက်သည်

ကျောင်းမတက်ဘူးလား လာမေးတဲ့ nunaကို‌ေတာ့နှစ်ယောက်လုံးဖျားနေတယ်လို့သာ  မုသား သုံးလိုက်ပါ၏

Justfriend Where stories live. Discover now