SIXTEEN

234 27 38
                                    

တစ်ဖြည်းဖြည်းနေထွက်လာတော့ တောင်တွေကို ပိုမိုရှင်းလင်းွစာမြင်လာရသည်

"Jihoona အဖွဲ့လိုက်ဓာတ်ပုံရိုက်မယ်တဲ့"

Hyunsuk လာဆွဲခေါ််တာမို့ Jihoon တစ်ယောက်တရွတ်တိုက်ပါသွား၏ Taebaekတောင်လို့ရေးထားတဲ့ ကျောင်တိုင်ကြီးနဲ့ဓာတ်ပုံရိုက်ကြပီး snow festival အတွက် ပြုလုပ်ထားသည့် နှင်းအရုပ်များကို ကြည့်ကြသည်

နှငး်အရုပ်ကြည့်နေတုန်း Jihoon နောက်ကျောကို နှင်းဘောလုံးလာမှန်တာမို့ ကြည့်လိုက်တော့ Hyunsuk..လက်ကလည်း နောက်ထပ် နှင်းဘောလုံးလေးကိုင်လို့..

"Ya မင်းတွေ့မယ် Choi Hyunsuk"
ပြောရင်း နှင်းဘောလုံး တစ်လုံးလုံးကာ Hyunsuk ကိုလှမ်းပစ်လိုက်သည်။ လူကောင်သေးသလောက် လျှင်တဲ့ Hyunsuk ကလဲ ရအောင်ရှောင်သည်

အဲ့တော့ Jihoon လဲ Hyunsuk အနားကိုေပြးသွားလိုက်သည်။ နှင်းတွေကြောင့် ကောင်းကောင်းပြေးမရတဲ့ ဘောလုံးသမားပေါက်စ ကJihoon ရင်ခွင်ထဲ ရောက်လာတော့၏...

ထိုလူသားအားလှဲချပီး နှင်းတောထဲတွင်လှိမ့်လိုက်တော့ အေးတယ်ဆိုပီး ခုနှစ်သံချီကာအော်ပါတော့သည်..

ရပ်ပေးလိုက်သည်နှင့် ထလာပီး Jihoon ကိုနှင်းနဲ့ပေါက်သည်.. ထိုလာပေါက်သောလက်ကလေးအား ဖမ်းကာ လက်ထဲက နှင်းလေးတွေကို ခါချလိုက်၏ ပီးတော့ လက်ကလေးကို Jihoon လက်ခုပ် ထဲထည့်ကာ အာငွေ့ပေးရင်း နွေးစေလိုက်သည်
"မေဆာ့နဲ့တော့ နှင်းကိုက်လိမ့်မယ်"
"အင်းပါ"
"မင်းတို့နှစ်ယောက် ဘယ်တော့တွဲမှာလဲ?"
ဆိုသောအသံနဲ့အတူ အနားရောက်လာတဲ့ Yedam .. Hyunsuk က ရုတ်တရက် မျက်နှာပျက်ပီး ခေါင်းငုံသွားတာမို့ Jihoon လဲ မြင်နေရတဲ့ Yoshi Hyung ကိုသာလှမ်းခေါ်လိုက်သည်

"Yoshi Hyung.. Bang Yedam ကိုလာခေါ်ပါအုံးဗျာ"

အလုပ်ရှုပ်ေနပုံရတဲ့ Hyung က လက်သာလှမ်းပြပီး အနားရောက်မလာတာမို့ Yedam ကို မေးငေါ့ပြကာ
"ပလစ်ခံရတယ်နော်"
"ထားလိုက်နောက်မှ စိတ်ကောက်လိုက်မယ်"

ထိုစဉ် Haruto နဲ့ Jeongwoo ရောက်လာပီး
"မင်းတို့အတွက် ခေါက်ဆွဲဘူးယူလာပေးတယ် Yedam က Yoshi Hyung စီမှာ "
"အာဟုတ်ပီ"
ရေနွေးထည့်ထားတဲ့ ခေါက်ဆွဲဘူး၂ဘူးကိုပေးလိုက်သည်..

Justfriend Where stories live. Discover now