THIRTEEN

225 28 58
                                    

Jihoon ကို အတင်းဖက်ကာ အိပ်နေတဲ့ Hyunsuk ဟာ အိမ်မက်ထဲမှာ ဘာတွေကြုံတွေ့နေရတယ်မသိ မျက်မှောင်ကလေးကြုံကာထား၏

ငယ်ငယ်ကတည်းက ဖက်အိပ်နေကြပေမဲ့ ရင်ခုန်သံတွေ မူမမှန်တာ သတိထားမိလာတာမိ ဒီအနေအထားဟာ Jihoon အတွက်မလွယ်ကူတော့ပါဘူး..

ကလေးပေါက်စ ဘဝကတည်းက Hyunsuk က Jihoon နားကပ်အိပ်တတ်တာပင်... ငယ်ငယ်ကတည်းက Jihoon လက်ဟာ Hyunsuk ခေါင်းအုံးရာ...

Jihoon ငယ်ငယ်တုန်းက အနေအေးတာမို့ ခနခန အနိုင်ကျင့်ခံရသည်..အဲ့လိုဆိုတိုင်း စွာတေးလန် Hyunsuk လာရောက်ကာကွယ်ပေးမြဲ.. အသက်ကြီးလာတော့ လူကောင်ကြီးလာတာကြောင့် အနိုင်ကျင့်မခံရတော့တာပင်..


လွန်ခဲ့သော ၁၀နှစ်

ဒန်းပေါ်တွင်ထိုင်ကာ အညိုရောင် ဝက်ဝံရုပ်ကလေးကို လက်ဝယ်ပိုက်ရင်း ရေခဲချောင်းစားနေသော ၆နှစ်အရွယ် Jihoon ကို တစ်စုံတစ်ယောက်မှ ဘောလုံးငယ်တစ်ခုဖြင့် လှမ်းပေါက်လိုက်သည်..

နာသွားပီး စိတ်‌တိုပေမဲ့ ပင်ကိုယ်သဘာဝအေးသူမို့ ဘာမှ မပြောချင်တာနဲ့ မပြောလိုက်ပေ။ သို့သော် ထိုကလေးက ရပ်မသွားပါပဲ...

"Park Jihoon"
မသိချင်ယောင်ဆောင် လျစ်လျူရှုထားတော့ ထိုကလေးဟာပိုဆိုးလာ၏

"Park Jihoon မင်းက ငါခေါ်တာ မကြားချင်ယောင်ဆောင်နေဒယ်ပေါ့"
Jihoon မော့ကြည့်သည်နှင့် ကလေးအဖော်နှစ်ယောက်ခြံရံထားသည့် ဝဝတုတ်တုတ်ကောင်လေးကို တွေ့လိုက်ရသည်

"Minjun အေးဆေးနေကွာ"
"ဘာအေးဆေးနေရမှာလဲ "
Minjunဆိုသည့် ဝဝတုတ်တုတ်ကလေးလေးက ရယ်သံစွက်ကာပြောရင်း သူ့နောက်ကလေးတွေကို လိုက်ရယ်ဖို့အချက်ပြနေသည်...

"အေးဆေးနေမယ်လေ မင်းလက်ထဲက အရုပ်လေးပေးရင်ပေါ့"
ပြောရင်းနဲ့ Jihoon လက်ထဲက အရုပ်လေးကို ဆွဲလုသည် ....

ဝက်ဝံရုပ်လေးက Jihoon အကြိုက်ဆုံးမို့ ပြန်လုဖို့ပြင်လိုက်ပေမဲ့ .. Jihoon ရှေ့ကနေ ကလေးငယ် ‌တစ်ယောက်ဝင်ရပ်ကွာ ဦးစွာပြောလိုက်သည်

"Oh minjun! မင်းဘာလို့သူများအရုပ်ယူနေတာလဲ.. ပြန်ပေး Jihoonie အရုပ်ဂို"
Hyunsuk ရဲ့အသံစွာစွာကို ကြားတော့ Jihoon လဲ အားတက်လာပီး minjun လက်ထဲမှာ အရပ်ကိုဆွဲယူလိုက်သည်...

Justfriend Where stories live. Discover now