ELEVEN

234 32 55
                                    

စိတ်‌ေကာက်နေတဲ့ Jihoonieကိုချော့ဖို့ရာ Hyunsuk အိမ်ကနေစောစောထွက်လာလိုက်၏ နှုတ်ခမ်းဖျားမှာ သီချင်းလေးကို တိုးတိုးညီးဆိုရင်းပေါ့

ဒီနေ့မှ ရာသီဥတုကလည်း မပွင့်မလင်းနဲ့  ..ကောင်ကင်ကြီးဟာလည်း မိုးတိမ်တောင်တို့၏ ပယောဂကြောင့် ညို့မှိုင်းနေသည်

လွယ်အိတ်ကို သေချာပြန်လွယ်ရင်း Jihoonie အိမ်ရှေ့ရောက်တော့ တံခါးကို ဟန်ပါပါခေါက်ကာဝင်လိုက်၏

"Jihoona ငါရောက်နေပီ"

Jihoon ပြောနေကြ 'အွန်း လာပီ'ဆိုတဲ့အသံလေး မကြားရပဲ
Chaeyoung nuna သာ မီးဖိုခန်းထဲမှ ထွက်ပေါ်လာ၏

"Hyunsukieလား?"
"Nae nuna .. Jihoonie ကော?"
"အမ် Jihoonieက ကျောင်းသွားပီလေ မင်းကိုဝင်ခေါ်မသွားဘူးလား?"
"ဟုတ်"
"အဲ့ကလေး စိတ်‌ေကာက်နေတုန်းထင်တယ် မနက်က အ‌ေစာကြီးကိုထွက်သွားတာ"

စိတ်ထဲတွင် ဝမ်းနည်းမှုနဲ့အတူ ခံပြင်းဒေါသပါ ဖြစ်ပေါ်လာ၏.. သူမဟုတ်တဲ့ တစ်ခြားသူနဲ့ ပေါင်းမိတာ ဒီလောက်စိတ်ကောက်စရာလို လို့လား?

ဘာမဟုတ်တာကို လိုက်စိတ်ကောက်နေတယ်...
သူတောင် နေနိုင်မှတော့ Hyunsuk လဲ မနေနိုင်စရာအကြောင်းမရှိပေ...

အနည်းငယ် ဘူ ပီးသည်နှင့် အကျင့်အတိုင်း ပေါင်မုန့် ၂ထုပ်ဝယ်ကာ ပြန်ထွက်လာလိုက်သည်..

တစ်ထုပ်ကတော့ သိမ်းထားရုံပေါ့ ..



Hyunsuk ကို စိတ်ဆိုးပီးရှောင်နေသည်မှာ ရက်အနည်းငယ်ခန့်ရှိပီ Choi Hyunsuk ဆိုတဲ့လူကလည်း တစ်ရက်ပဲချော့ပီး နောက်ရက်ကျ မသိချင်ယောင်ဆောင်လို့နေသည်...ဒီလိုနဲ့ Jihoon တို့ဟာ တစ်နေ့တစ်ခြား ပိုမိုဝေးကွာလာ၏... Jihoon ဘက်ကလည်းစ မချော့ချင်ဘူး  ..

ဘယ်လောက်ပဲချစ်ချစ် အလျေ့ာပေးလွန်းရင် အဆင်မပြေဘူးလေ  ..အဲ့တော့  Yedam နဲ့ခနနေရာလဲပီး Doyoung ဘေးခုံမှာ ပြောင်းထိုင်နေလိုက်တယ်
(မာနတွေ မာနတွေ မှားမယ်နော်ကလေးတို့)

Hyunsuk ကတော့ သူမရှိလဲ ပျော်နေပုံပါပဲ .. ဘောလံုးအတွက်   လေ့ကျင့်ရေးတွေတောင်ဆင်းနေပီ ..

Jihoon အနေနဲ့ Hyunsuk လေ့ကျင့်ရေးဆင်းတိုင်း အနားမှာရှိပေးခဲ့တာမို့ ခုတလော နေစရာထိုင်စရာရယ်မရှိ...

Justfriend Where stories live. Discover now