SEVENTEEN (Final)

363 33 54
                                    

"Hyunsuka.. luto ya အောက်က ပန်းခြံထဲ ဆင်းခဲ့တဲ့ မီးပုံပွဲလုပ်ဖို့ပြင်ထားတယ်တဲ့"

အခန်းထဲ ကိုယ်တစ်ခြမ်းဝင်ကာပြောသည့် Jeongwoo က အခုမှပြန်ရောက်ကြဟန်ပင်..

အထဲထိမဝင်ပဲ တံခါးပြန်ပိတ်နေသူကိုတားကာ
"ဘယ်တုန်းပြင်လိုက်ကြတာတုန်း?"
"စောနကပဲလေ"
"အော် Jihoon ကော?"
"အောက်မှာ.. ငါတစ်ခြားအခန်းတွေ ပတ်ပြောအုန်းမယ် မင်းတို့ဆင်းနှင့်"

အပေါ်တက်မလာဘူးပေါ့ ..အင်းပါလေ အောက်ဆင်းရုံပေါ့.. jacket ကိုထပ်ဝတ်ကာ Haruto နဲ့ အတူ ‌အောက်သို့ဆင်းလာလိုက်သည်

သို့ပေမဲ့ Haruto က Jeongwoo ကိုစောင့်အုံးမည်ဆို၍ Hyunsuk တစ်ယောက်တည်းသာဖြစ်သွား၏
အတွဲတွေ မကောင်းဘူး!!



အဝေးစီမှ တလှုပ်လှုပ် လှမ်းလာနေသော အရိပ်ကလေးက Hyunsuk ဖြစ်ကြောင်း Jihoon နှလုံးသားနဲ့ကိုသိပါသည်...

ထို့ကြောင့် ဘေးနားကို အမြန်သွားကာ..
"တစ်ယောက်တည်းလား Hyunsuka .. Haruto နဲ့ Jeongwoo ကော"
"Jeongwoo ကတစ်ခြားသူတွေပတ်ပြောနေတာ .. Haruto ကစောင့်လို့ Jeongwoo ကို"
"အော်..လာ မီးပုံနားသွား‌ေနရအောင်"

မီးပုံကြီးတစ်ခုပြင်ထားပီး ခုံပုလေးတွေ ဝိုင်းရံထားသည်..ကျောင်းသား အယောက်၂၀ကျော်မျှသာပါဝင်‌တာမို့ မီးပုံပွဲနဲ့အတော်အဆင်ပြေ၏

Hyunsukရောက်လာပီး ခနကြာမှ လူတွေစုစုရုံးရုံးရောက်လာ၏..ညက အအေးဓာတ် ပြင်းပေမဲ့ မီးဖိုစီကအနွေးဓာတ်ကြောင့် နေသာထိုင်သာတော့ရှိပါရဲ့

ဘေးနားထိုင်နေတဲ့ Hyunsuk ကို
"ငါ့နေရာခနနေထားပေးနော် Marshmallowတွေ သွားယူအုံးမယ်"
"အွန်း အွန်း"

Marshmallow တွေယူပီးပြန်လာတော့ သေချာကင် ေပးနေလိုက်၏။ တစ်ယောက်သောသူအတွက် ရည်ရွယ်၍ပေါ့

မီးပုံပွဲသည့်အတိုင်း သီချင်းတွေလဲဆိုကြ ဂိမ်းတွေလဲဆော့ကြပေသည်..True or dare game ကတော့ ရေပန်းအစားဆုံးဂိမ်း.. dareလုပ်ရမည်များကို စာရွက်ကလိပ်လေးများနှင့် မဲလိပ်ကလေးများပြုလုပ်ထား၏

စောနကတင် အချိုရည်ပုလင်း‌ေခါင်းလေးဟာ Jeongwoo စီကျသွားပီး ဘာမှ လျှို့ဝှက်စရာရှိတယ် ဆိုကာ Dareကို ရွေးချယ်ခဲ့‌ေလသည်။ ညာဘက်ဘေးနားကလူကို popoပေးရမည် mission ကျတာမို့ ဘယ်ဘက်ဘေးက Harutoတစ်ယောက် နှုတ်ခမ်းထော်နေပီ

Justfriend Where stories live. Discover now