NINE

273 38 49
                                    

"Jihoona သွားရအောင်"

Hyunsuk ခေါ်လိုက်တော့Park Jihoon ဟာ လွယ်အိတ်ကို တစ်ဖက်စောင်းလွယ်ကာ ကတိုက်ရိုက်ထွက်လာသည်

"သွားမယ်လာ"
"အင်း"

အိမ်အပြင်ရောက်သည်နှင့် Jihoon ဟာကောင်းကင်ကိုမော့ကြည့်ရင်း ‌ "လှလိုက်တာ" ဟု ရေရွတ်သည်

ဟုတ်သားပဲ ဒီနေ့‌ေကာင်းကင်ဟာအပြာနုရောင်သမ်းနေပီး တိမ်ဆိုင်တို့က တစ်စတစ်စ တည်ရှိနေသည်...

သူ့ သူငယ်ချင်း Jihoon ဟာ ငယ်ငယ်ကတည်းက သဘာဝတရားကို မြတ်နိုးတတ်သူ..

အပင်လေးတွေ ..အကောင်လေးတွေ(အင်းဆက်ပိုးကောင်တွေမှလွဲ၍) ..တိမ်ဆိုင်လေးတွေ ..သူသိပ်သဘောကျတဲ့အရာတွေတွေ .. Hyunsuk လို manhwaထဲ နစ်မြုပ်နေတတ်သူမဟုတ်ပါပဲ တစ်ခါတလေ ဂိမ်းလေးဆော့တယ်..အပင်လေးတွေစိုက်တယ် ..ပန်းချီလေးတွေဆွဲတယ် အဲ့လိုကုန်ဆံုးတတ်တဲ့  ကောင်ငယ်လေး..

သူ့အပင်လေးတွေ အပွင့်ပွင့်လာရင် Hyunsuk ကိုပြရတာ ပျာလို့ ..ပန်းချီလေး‌ေတွ ဆွဲပီးရင် အပြေးအလွှားပြတတ်သည်..ဒါပေမဲ့ Hyunsuk ရဲ့ advice တွေကို ဘာ်တော့မှ နားမထောင်တတ်ပေ...

ဟိုနားပြင် ဒီနားပြင်ပြောလဲ.. မပြင်ပါပဲ သူ့စိတ်‌နှင်ရာအတိုင်းသာလုပ်တတ်တဲ့ အနုပညာဆန်လွန်းတဲ့ကောင်လေးပင်...

ကျယ်ပြန်တဲ့ လက်ဖဝါးနဲ့ လက်ချောင်းရှည်တွေက ဂီတာတစ်လက်ကို အားပြုရင်း သံစဉ်တွေ ဖော်ကျူးတတ်သည်.. angelic voice ကပါ ထပ်ပေါင်းအားဖြည့်ပေးထားတော့ ပြောစရာပြစ်ချက်ရယ်မရှိပါ

Jihoon   က ထိုသို့ဖြစ်နေမှတော့လဲ Hyunsuk သဘောကျမိတာမဆန်းပါဘူး...

"မနေ့က ဆရာမ ယွန်းနဲ့ ပြဿနာဖြစ်ထားတာ မင်း ဒီနေ့ သူ့အတန်းချိန်တက်မှာလား?"
"ဟင့်အင်း လစ်မှာ"

Hyunsuk က Jihoon လက်မောင်းကိုရိုက်ရင်းရင်း
"လစ်ပီး ဘာလုပ်မှာလဲ"
"ဘောလုံးကွင်းဘေးက အပင်ကြီးအောက် သွားနေပီ ပန်းချီဆွဲမလို့"
"မင်းကလည်း.. မင်းမတက်ရင်ငါလည်း--"

Hyunsuk စကားမဆုံးခင် Jihoon က ဖြတ်ပြောလာသည်

"မတက်ဘူးမလုပ်နဲ့ မင်းငါ့အတွက်ပါ note မှတ်ပေးရအုံးမှာ"
"ဘာ Park Jihoon!! "

Justfriend Where stories live. Discover now