FOUR

254 30 51
                                    

"ဟက်ချိုး"
ဘယ်နှကြိမ်မြောက်လဲမသိ ချေနေတာပဲ ဆေးပုံးထဲက သာမိုမီတာကို သွားယူပီးတိုင်းကြည့်တော့ 39°Cတဲ့

ဖျားပြန်ပါပီ မိုးမိလို့မှ မဖျားရင် Park Jihoon ရာဇဝင်ရိုင်းမှာပေါ့

"Jihoona ကျောင်းမသွားဘူးလား"
"ငါဖျားနေတယ်"
"အယ် ပူကျစ်နေတာပဲ ငါ့ကိုဘာလို့မပြောတာလဲ"

၈နာရီ‌ေကျာ်နေပီမို့ အိမ်မှာ မောင်နှမ နှစ်ယောက်သာ ကျန်နေ၏
"သွား အခန်းထဲသွားနားငါ ခေါက်‌ဆွဲပြုတ်လာပေးမယ်"

Jihoon ဟာ ဆန်ပြုတ်ကို အနံ့တောင်မခံနိုင်တာကြောင့် ခေါက်ဆွဲပဲပြုတ်ပေးရသည်

"Chaeyoung nuna Jihoon အခန်းထဲမှာလား?"
Hyunsuk ရောက်လာပီထင်တယ် ဒီနေ့သူကကျောင်းမသွားနိုင်လောက်ဘူးဆိုတာ ခန့်မှန်းမိမှာပါ
"ဟုတ်တယ် Hyunsukie မင်းသူငယ်ချင်းတော့ ထုံးစံအတိုင်းဖျားပီ "
"ထင်တယ်"

Nunaစကားသံ‌ေပျာက်ပီး မကြာဘူး Hyunsuk အခန်းထဲဝင်လာသည်
"ဖျားနေပီဆို"
စကားပြောရင်း နဖူးပေါ်လာစမ်းတဲ့လက်ကြောင့်ရင်ထဲ ထိတ်ခနဲ
ဘာဖြစ်ပါလိမ့်?

Hyunsuk က ကျောင်းဝတ်စုံလေးနဲ့
"စာအုပ်တွေပေးလိုက် လိုက်မှတ်လာပေးမယ်"
"ရပါတယ်"
"လျှာမရှည်နဲ့"

စကာစပြောရင်းစာအုပ်တွေကို သူ့လွယ်အိတ်ထဲ ကောက်ထည့်နေသည်...

"အေးဆေးနား "
ဆိုပီး သူ့ဆံပင်ကို လာဖွတာမို့ ရှောင်လင် သိုင်းကွက်သုံးပီးရှောင်လိုက်၏

Hyunsukက တခစ်ခစ်ရယ်ပါသည်

သူရယ်ရင် မျက်လုံးလေးတွေပျောက်ပျောက်သွားတယ်

အသဲယားစရာလေး...အမ် ဘာ Hyunsuk ကို ဘယ်လိုတွေးလိုက်တာလဲ

Hyunsukကတော့ မသိလိုက်မသိဘာသာပဲ

"Hyunsuk ရေ nunaကို ကူညီပါအုံး မင်းသူငယ်ချင်းက နေမကောင်းရင်အစားက စားမှာမဟုတ်ဘူး ကျွေးပေးပါအုံး nunaသွားရှာလိုက်အုံးမယ်"
"Nae nuna"

Chaeyoung nunaစီက ‌ခေါက်ဆွဲပန်းပန်ကိုယူကာ ကြည့်တော့

"Nunaက သေချာလုပ်ပေးထားတာ‌ပဲ"
ကြက်သားဖတ်ကလေးတွေရယ် မုန်လာဥလေးတွေရယ် နဲ့ခေါက်ဆွဲကိုကြည့်ကာ တီးတိုးပြောလိုက်သည်

Justfriend Where stories live. Discover now