TWELVE

254 38 73
                                    

စိတ်ပူတယ်ပြောနေတဲ့ Jihoon ကို Hyunsuk မျက်စောင်းထိုးမိတော့ ထိုလူသားက ရယ်ပါ၏..

"စိတ်ပူတယ်ပြောပီး လာကျ မချော့ဘူးလေမင်းက"
"အမြဲငါပဲချော့နေရတာကို"
"မင်းပဲ ငါ့ကိုရှောင်နေတာလေ"
ပြောရင်းနှုတ်ခမ်းကို ဆူထားမိတော့ Jihoon က ပုခုံးကိုကိုဖွဖွရိုက်သည်...

"ဘာမှပြောမနေနဲ့ ထားလိုက်တော့ ..ခြေမ ဘယ်လိုနေသေးလဲ"
"သက်သာပါပီ တစ်ယောက်သောသူက အနာကပ်ပလာစတာလေး လာထားပေးသွားတယ်လေ"
"Ya! Choi Hyunsuk!"

ရှက်ရမ်းရမ်နေတဲ့ Jihoon ကို Hyunsuk ရယ်နေတုန်း ..
"ပြန်‌တည့်သွားကြပီလားကလေးတို့"ဟူသောအသံနှင့်  Yoshi Hyung က အနားရောက်လာသည်...
"ပြန်တည့်မှပါ မဟုတ်ရင် ကိုကိုလည်းနားညီးနေပီ"

စကားနဲ့အတူ yoshi Hyung နောက်က ပါလာ‌ေသာ Yedam အားကြောင်အစွာကြည့်မိကြသည်..
"ကိုကို? "
"ဘယ်က ကိုကိုလဲ"
"ငါ့ကိုကိုလေ ဘယ်သူရှိရမှာလဲ?"

Yoshi Hyung လက်မောင်းကိုဖက်ထားကာမှီရင်းပြောနေတဲ့ Yedam ဟာအမြင်ကတ်စရာ..
"ဦးလို့ခေါ်သင့်တာ"

အမြင်ကတ်ကတ်နဲ့ရွဲ့လိုက်တော့
"ရဘူးကိုကိုပဲ ၁၁နှစ်ကွာလဲ ကိုကိုပဲ ဘာမှလာမပြောနဲ့..နော်ကိုကို"

ကိုကိုပဲ ထပ်အောင်ခေါ်နေတဲ့ Yedam ကိုမကျေမနပ်ကြည့်ရင်း  yoshi hyung ကိုသာမေးစရာရှိတာမေးလိုက်သည်

"Hyung အိမ်ပြန်လို့ရလား"
"ပြန်ချင်ရင်ပြန်လေ ဒါမဲ့jihoonieလိုက်ပေးမှပြန်"
"ဘာလို့လဲ?"
‌"မင်းခြေထောက်ကို အရမ်းအားမပြုစေချင်လို့ ..စိတ်လဲ မကောက်တော့ဘူးမလား? "
"Nae"

Hyung ခွင့်ပြုချက်ရတာနဲ့
"Jihoona ပြန်ရအောင်နော်"
"ပြန်တာပေါ့"

ခေါင်းငြိမ့်ပြတဲ့ Jihoon ကို Yoshi Hyung က ဆေးဘူးလေးကမ်းပေးရင်း
"ဒါလေး ပုံမှန်လိမ်းပေးနော်"
"ဟုတ် အာ့ဆို ပြန်တော့မယ်နော် Hyung "
"ဟုတ်ပီ"

Jihoon စကားဆုံးသည်နှင့် Hyunsuk ထမည်ပြင်တော့ .. Jihoon ကအထမခံပဲ  Hyunsuk ကိုbridal styleပွေ့ချီလိုက်သည်

"Yaya မင်းနိုင်လို့လား "
"ငါ့ကို ယုံပါဟ"

သေချာစွာ‌ေပွ့ချီလိုက်တဲ့jihoonကြောင့် သူ့မျက်နှာခေျာချောဟာ Hyunsuk နဲ့ တစ်လက်မတောင်မကွာတော့ပါ...Hyunsuk ရှုထုတ်လိုက်တဲ့ လေ‌ေငွ့တို့ဟာ Jihoon ဆံစလေးတွေကို ကလူကျီစယ်‌နေ၏...

Justfriend Where stories live. Discover now