Chapter 1401

1.6K 49 3
                                    

စာစဉ် 94 Chapter 1401 ခန္ဓာပြောင်းလဲခြင်းဆေးလုံး

"အဲတော့ ကျုပ် ဘာပိုက်ဆံမှ မရဘူးပေါ့"

ယဲ့ဖန်ကလည်း ရယ်မောလေသည်။

*ဒီအဘိုးကြီးက တော်တော် သူတော်ကောင်းယောင်ဆောင်နေတာပဲ၊ ငါ့ကို ကုန်းပေါ်က ငါးများ မှတ်နေလား*

"မင်းကို ဘယ်သူက အားနည်းခိုင်းလို့လဲ၊ အားနည်းတဲ့လူက ကုန်းပေါ်ကငါးလို အသတ်ခံရဖို့ ကံပါပြီးသား"

ယောင်လောင်က အထင်သေးစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်က ကောင်းကင်က မည်မျှ မြင့်မားကြောင်း မသိသေးသည့် ယုန်သူငယ်ဟု ထင်နေ၏။

သူ အသက်ရှင်မလား၊ သေမလားကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့် မရှိပေ။ ထိုစကားကိုကြားသော် ရှုပေါင်ကျွမ်နှင့် အခြားသူများကလည်း အေးစက်စွာ ပြုံးလာကြသည်။ အကယ်၍ ယဲ့ဖန်၏ စကားက မှားနေလျင် သူ့အား သေခြင်းတရားက ကြိုဆိုနေပေလိမ့်မည်။

ယဲ့ဖန်၏ ခက်ထန်၍ သွေးဆာသော အကြည့်များက ယောင်လောင်ပေါ် ကျရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျား နောင်တရလိမ့်မယ်"

"စောင့်ကြည့်ရသေးတာပေါ့"

ယောင်လောင် အထင်သေးစွာ ပြုံးလိုက်သည်။ ထို့နောက်တွင်မူ သူတို့၏ အာရုံက ပြိုင်ပွဲရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

လက်ရှိတွင် လင်းရှင်းလန်သည် ဆေးဖော်စပ်ပြီးရာ၌ ဦးဆောင်နေပြီး ဆေးလုံးအား စမ်းသပ်ရန် အတွက် အကဲဖြတ်သူများထံ အပ်နှံလိုက်သည်။

သူသည် လက်နောက်ပစ်၍ ဘဝင်မြင့်သော မျက်နှာထားနှင့် ရှိနေကာ စိတ်ထဲ၌ ယုံကြည်မှု ရှိနေပုံ ရသည်။

"အဲ့ဒါ လင်းမိသားစုရဲ့ ခေါင်းဆောင်လား၊ ကိုယ်နေဟန်ထားကတော့ အရင်အတိုင်းပဲ၊ ဒီဆေးလုံးကလည်း အရောင်ကြည့်လိုက်တာနဲ့ အကောင်းဆုံးဆိုတာ သေချာတယ်"

"လင်းမိသားစု နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာက လင်းရှင်းလန်ကြောင့်ပဲ"

လူများစွာက လင်းရှင်းလန်ကို အားကျလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ လင်းရှင်းလန်ကလည်း ယင်းကို ခံစားမိပြီး မာနကြီးစွာ ခေါင်းမော့ထားလိုက်သည်။

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now