Chapter 1583

179 19 0
                                    

စာစဉ် 106 Chapter 1583 ရက်စက်ခြင်း၊ လူသားစားခြင်း

"ဘာလဲ ငါ ပြောတာမှားလား၊ မင်းတို့က နံစော်နေတဲ့ သူတောင်းစားတစ်သိုက် မဟုတ်လို့လား"

ကျိုးကျစ်ကော်၏ စကားများက ပို၍ ပြင်းထန်လာသည်။

"ဒုက္ခိတတစ်သိုက်က သိပ်တော်နေတော့ ငါတို့ လန်လင် စစ်တပ်ရဲ့ ရန်ပုံငွေကို မလိုတော့တာလား၊ ငါတို့ လန်လင် စစ်တပ်ရဲ့ ထောက်ပံ့မှုသာ မရှိရင် မင်းတို့ တစ်ပတ်မပြည့်ခင် အဆာလွန်ပြီး သေလိမ့်မယ်လို့ ငါ အာမခံတယ်"

"ပါးစပ်ပိတ်ထား၊ သူတို့က သူတောင်းစားတွေ မဟုတ်ဘူး၊ သူတို့က စစ်သူရဲကောင်းတွေ"

လီဝေ့ ဒေါသထွက်သွားသည်။ ဤနေရာသို့ ရောက်နေသော လူများသည် တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာ ခံခဲ့သော သူများ ဖြစ်သည်။ သူတို့က ဤသို့‌ စော်ကားခံသင့်ပါသလော။

သူတို့အားလုံးက သက်ရှိထင်ရှားရှိနေသော အာဇာနည်များပင်။

"စစ်သူရဲကောင်း ဟုတ်လား၊ ငါတော့ ဝက်ဝံနဲ့တူတယ်လို့ ထင်တာပဲ၊ မနိုင်မန်း သိတာတောင် အသေခံနေကြတာ၊ အရူးတွေပဲပေါ့"

ကျိုးကျစ်ကော်က သရော်လေသည်။

"အဆုံးသတ်မှာ ယဲ့ဘုရင်ရဲ့ ကိုယ်ပိုင်အစွမ်းအစကြောင့် အခြေအနေသာ မပြောင်းခဲ့ဘူးဆိုရင် မင်းတို့ အမှိုက်ကောင်တွေက ဘာလုပ်နိုင်လို့လဲ"

စစ်ပြန်များအားလုံး မခံမရပ်နိုင်ဖြစ်ကြောင်း ပြသော်လည်း ငြိမ်မြဲငြိမ်နေကြသည်။ သူတို့ အံကိုကြိတ်ထားကြပြီး ဝေဒနာက ခံရခက်လှပေသည်။

"သူတို့ ပြည်သူတွေအတွက် အဖိုးတန်တဲ့အချိန်တွေ ပေးခဲ့တယ်လေ"

ထိုစဉ် ထောင့်နားမှ အလေးအနက်ပြောသော အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း ဘေးသို့ ငဲ့ကြည့်လိုက် သောအခါ အဖွဲ့၏ မထင်ပေါ်ဆုံးဖြစ်သော ယဲ့ဖန်က ရပ်တည် ပြောဆိုသည်ကို တွေ့လိုက်ရသည်။

ကျိုးကျစ်ကော်က တစ်ချက်ကြည့်လိုက်ပြီးနောက် သရော်လေသည်။

"ဒီမျက်စိကန်းနေတဲ့ လမ်းဘေးခွေးက ဘယ်ကလာတာလဲ၊ ဒါ မင်းလိုကောင် ဝင်စကားပြောလို့ရတဲ့ နေရာလား"

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now