Chapter 1566

185 20 0
                                    

စာစဉ် 105 Chapter 1566 နတ်ဆိုးဧကရာဇ် အာဏာ ပြန်ရပြီ

"ဟားဟားဟား ဒီအရူးက ဘယ်ကလာတာလဲ၊ ဒါက ဘာခေတ်လဲ၊ အခုထိ ဒီကောင်က နဂါးဝတ်ရုံ ဝတ်နေသေးတာလား၊ နဂါးဝတ်ရုံ ဝတ်လိုက်တာနဲ့ ဧကရာဇ် ဖြစ်ပြီလို့ ထင်နေတာလား"

အခြားသူများက ဝါးလုံးကွဲမတတ် ရယ်မောကြသည်။

*ဒီအရူးက ဘယ်ကလာတာလဲ၊ နဂါးဝတ်ရုံ ဝတ်လာပြီး ရယ်ရအောင် လာလုပ်နေတာလား*

ထို့နောက် လူဝကြီးက ယဲ့ဖန်ထံသို့ အပြုံးဖြင့် လျှောက်သွားလေသည်။

"ဒီအရူး ဘယ်ကလာလဲတော့ ငါ မသိဘူး၊ မင်းက ငါ့ဟွမ်မိသားစုရဲ့ အိမ်တော်မှ ပြဿာနာ လာရှာရဲတယ်ပေါ့လေ၊ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်၊ အဲ့တော့လည်း မင်းကံကြမ္မာကို လက်ခံလိုက်ပေါ့"

ထိုကြုံးဝါးသံနှင့်အတူ ဧရာဓားကိုဝင့်၍ ယဲ့ဖန်၏ မျက်နှာကို ခုတ်ပိုင်းလေသည်။ သို့သော် ယဲ့ဖန်က သူ့ကို မမြင်သကဲ့သို့ တစ်လှမ်းချင်း လျှောက်လာ၏။

လူတိုင်း အံ့ဩသွားသည်။

*ဒီကောင်က တကယ် ရူးနေတယ်နဲ့ တူတယ်၊ သူ့အရှေ့မှာ သူတော်စင်သခင်အဆင့် ရပ်နေတာကို မသိဘူးလား*

*မင်း ဘယ်လိုတောင် မောက်မာရဲတာလဲ*

*ဒါ သေတွင်းတူးနေတာနဲ့ အတူတူ ဖြစ်မနေဘူးလား*

"သေချင်နေတာပဲ"

ထိုလူဝကြီးသည်လည်း လျစ်လျူရှုခံရသည်ဟု ခံစားမိပြီး ချက်ချင်း အော်ဟစ်၍ လက်ထဲမှ ကိုင်ထားသော ဓားထံ အားပိုထည့်လိုက်သည်။

ထိုစဉ် ယဲ့ဖန်က ဆတ်ခနဲ ရိုက်လိုက်၏။

"ဖြောင်း"

ထိုလူဝကြီး ပေါက်ကွဲ၍ သေဆုံးသွားပြီး အရိုးများပင် မကျန်တော့ချေ။ သွေးအိုင်သာ မရှိလျင် တစ်ခါမှ မရှိခဲ့ဟုပင် ထင်မှတ်မှားရလောက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

*ဘယ်လိုဖြစ်ရတာလဲ*

*သူတော်စင်သခင်အဆင့်က ဘယ်လို ဖြစ်တာလဲ၊ မျက်တောင်တစ်ခတ်အတွင်း ဘယ်လိုလုပ် အစအနမရှိ ပျောက်ကွယ်သွားတာလဲ*

ငရဲမှလာသောသူ Chapter 1401-1600Dove le storie prendono vita. Scoprilo ora