Chapter 1441

263 20 0
                                    

စာစဉ် 97 Chapter 1441 ဆရာ

*စုမြောင်ချန်က ယွမ်ပွမ်းရှီလိုလူကို ငါတို့အိမ်မှာ ညစာစားဖို့ ဖိတ်နိုင်တယ်၊ နင့်ဆင်းရဲသား မျိုးမစစ်ကောင်က ဘာတတ်နိုင်လဲ*

စုမြောင်ချန်သည်လည်း ချက်ချင်း ခါးမတ်သွားသည်။ ဤကိစ္စက သူနှင့် ဘာမှမပတ်သက်သော်လည်း ယွမ်ပမ်းရှီကို သူ ဖိတ်လိုက်သည်ဟု ဟန်ဆောင်လိုက်သည်။

"ရှင်တို့ အပျော်စောနေတာ မဟုတ်ဘူးလား"

ဟွမ်ယွီလင်းက ချက်ချင်း သရော်လိုက်သည်။

*ဒီလူတွေက ယွမ်ပမ်းရှီကို စုမြောင်ချန် ဖိတ်တယ်လို့ ထင်နေတာလား၊ ဟာသပဲ*

*စုမြောင်ချန်က ဘာအဆင့်မှမရှိတာကို၊ ဘယ်လိုလုပ် ယွမ်ပမ်းရှီကို ဖိတ်နိုင်မှာလဲ*

*ရယ်ဖို့ကောင်းလိုက်တာ*

"ဟွမ်ယွီလင်း နင် ဘာပြောတာလဲ၊ လူကြီးကို ဒီလို ပြောစရာလား၊ အဓိပ္ပာယ်မဲ့လိုက်တာ"

လျှိုယွိရှီက စိတ်ပျက်သလို ငေါက်ငမ်းလိုက်သည်။ လက်ရှိတွင် ဟွမ်ယွီလင်းက ခေါင်းမာ၍ တုံးအနေဆဲဟု သူမ မြင်နေ၏။

"ကောင်းပြီလေ မင်းက ဒီမှာ မပျော်မှတော့ ပြန်တော့ပေါ့"

လျှိုရှုရင်ကလည်း အေးစက်စွာ ပြောလိုက်သည်။ ယခု သူက ယွမ်ပမ်းရှီကို မည်သို့ မျက်နှာလုပ်ရမလဲဘဲ တွေးနေသဖြင့် ဟွမ်ယွီလင်းကို မည်သို့ အာရုံစိုက်နိုင်ပါမည်နည်း။

တစ်ဖက်တွင်မူ ဤသည်ကိုမြင်ပြီး ယွမ်ပမ်းရှီ မျက်မှောင်ကြုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ယွီလင်းနှင့် ယဲ့ဖန်က ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သူ ကောင်းကောင်း သိနေ သောကြောင့်ပင်။

ချက်ချင်းဆိုသလိုပင် ယွမ်ပမ်းရှီ မေးခွန်းထုတ်လိုက်သည်။

"ငါ့ဆရာက ငါ့ကို ယန်နျန်ရီရှို့ဆေးလုံးကို ဖော်စပ်ပြီး လူကြီးမင်းရှို့ကို ပေးဖို့ ပြောလိုက်တာ၊ ဒါပေမဲ့ အခု ငါ့ဆရာ ဘယ်မှာလဲ"

"ဆရာတဲ့လား"

အားလုံး ငြိမ်ကျသွားသည်။

*ဘယ်က ဆရာလဲ*

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now