Chapter 1449

255 28 0
                                    

စာစဉ် 97 Chapter 1449 ရှန်းယန်နန်းတော်

ချက်ချင်းဆိုသလိုပင် သားအဖနှစ်ယောက်သား ယဲ့ဖန်အား အလွန် နောင်တရ၍ ရှက်ရွံ့သော အကြည့်တို့ဖြင့် ကြည့်လိုက်မိကြသည်။

ထိုစဉ် စုမြောင်ချန်က ယဲ့ဖန်ရှေ့၌ ဒုန်းခနဲ ဒူးထောက်လာပြီး ဖြူရော်နေသော မျက်နှာနှင့် ပြောလိုက်သည်။

"ဖုန်းယဲ့ ငါ့ကို မသတ်ပါနဲ့၊ ငါ မှားမှန်း သိပါပြီ၊ မင်း ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးမယ်ဆိုရင် ငါ မင်းအပေါ် နွားလိုမြင်းလို အမှုထမ်းပါ့မယ်"

"ဒါက ... ဘာဖြစ်တာလဲ"

လျှိုရှုရင်တို့ သားအဖသည် ဘာဖြစ်ခဲ့လဲ မသိသဖြင့် စုမြောင်ချန် ဤသို့ ပြုမူသည်ကိုမြင်သော် ပဟေဠိ ဖြစ်သွားကြသည်။

ဟွမ်ယွီလင်းက အေးတိအေးစက် အသံပြု၍ လျှိုယွိရှီအား သူတို့ ဘာဖြစ်ခဲ့သလဲ ပြောလိုက်သည်။ နားထောင်ပြီးနောက် သားအဖနှစ်ယောက်လုံး မျက်နှာ သုန်မှုန်လာပြီး မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်လာ၏။

ထို့အပြင် ယဲ့ဖန်နှင့် ဟွမ်ယွီလင်းအပေါ် အပြစ်မကင်းသောစိတ်က ပိုပိုတိုးလာရသည်။ အကယ်၍ ဟွမ်ယွီလင်းသာ သူတို့ အစီအစဉ်ကို နာခံပြီး ဝံပုလွေလို စဉ်းလဲစိတ်ရှိသော စုမြောင်ချန်နှင့် လက်ထပ်ခဲ့ပါက နောင်တွင် အလွန်ဆိုးရွားသော အဆုံးသတ်နှင့် ကြုံရမည်ကိုပင် စိုးရိမ်ရသည်။

သူတို့ ဟွမ်ယွီလင်းကို မီးပုံထဲ တွန်းချခဲ့ပါတကား။

"မင်းတို့ပြောကြည့်၊ သတ်ရမလား ဒါမှမဟုတ် အသက်ရှင်ခွင့်ပေးရမလား"

ယဲ့ဖန်က ဟွမ်ယွီလင်းနှင့် အခြားသူများကို အပြုံးနှင့် မေးလိုက်သည်။ စုမြောင်ချန်က ဟွမ်ယွီလင်းကို အလျင်အမြန် ကြည့်၍ အသနားခံလေသည်။

"ယွီလင်း ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ၊ ငါတို့က ကလေးဘဝကတည်းက အတူတူ ကြီးလာတဲ့ ငယ်ပေါင်းကြီးဖော်တွေလေ"

"သတ်"

ဟွမ်ယွီလင်းက အေးစက်စွာ စိုက်ကြည့်၍ အော်လိုက်သည်။ ခုနလေးတင် စုမြောင်ချန်က သူ၏ ဝံပုလွေလို စိတ်ကို ပြသခဲ့သည်။ ဤလူသည် အခွင့်အရေး ထပ်ရသည်နှင့် သူတို့ကို ပြန်ကိုက်မှာ အသေချာအပင်။

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now