စာစဉ် 101 Chapter 1501 မင်းတို့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ
*ဘာ*
လင်းမိသားစုသည် ထိုစကားကိုကြားသောအခါ မျက်နှာ ပြာနှမ်းလာပြီး မျက်လုံးတွင် သွေးပျက်ဟန်များ စွန်းထင်းလာသည်။
သူတို့၏ မျှော်လင့်ချက်ဟု မှတ်ယူထားသော သူတော်စင်သခင်အဆင့်များက ဘက်ပြောင်း၍ သူတို့အား တိုက်ခိုက်လာလေမလား။ အဖြေက မကြာခင် ပေါ်လာပေလိမ့်မည်။
မိစ္ဆာသွေးမိကျောင်း၏ စကားအဆုံး၌ ချင်ယန်ကျွင်းက မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
“ပြဿနာ မရှိဘူး”
တစ်ချက်ကလေးမှ တွေဝေနေခြင်း မရှိချေ။ လင်းတုန်လိုင်နှင့် အခြားသူများ အံ့ဩသွားကြသည်။ ထိုအခိုက်တွင် သူတို့ ကြက်သီးထလာ၏။
လူတိုင်း မျက်လုံးပြူးနေကြပြီး ကြားလိုက်ရသော စကားကို မယုံနိုင်ကြပေ။ သူတို့လင်းမိသားစုသည် ချင်ယန်ကျွင်းနှင့် အခြားသူများအပေါ် ကြင်နာခဲ့သည်။ သို့သော် ချင်ယန်ကျွင်းက တွေဝေခြင်းပင် မရှိဘဲ သူတို့၏ လင်းမိသားစုကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့လေသည်။
ဤသည်မှာ ဒေါသထွက်စရာ ကောင်းလှပေ၏။ လင်းတုန်လိုင် ရူးမတတ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ချင်ယန်ကျွင်း ငါ့အဖေ ဖော်စပ်တဲ့ ဆေးလုံးကိုသာ မရခဲ့ရင် မင်း ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်ကို မြန်မြန် ရောက်နိုင်မှာလဲ၊ အခု ငါ့လင်းမိသားစု အသတ်ခံရတော့မှာကို မင်းက ဘက်ပြောင်းချင်တယ်ပေါ့လေ၊ မင်း လူမှဟုတ်သေးရဲ့လား”
လင်းမိသားစုဝင် အားလုံးနီးပါး လက်ရှိတွင် ကြောက်လန့်ကာ ငိုကြွေးနေကြပြီး ကျင်ငယ်ရေ ထွက်ကျမတတ် ဖြစ်နေ၏။
“မင်းအဖေရဲ့ ကြင်နာမှုကို ငါ့စိတ်ထဲ အမြဲအမှတ်ရနေမှာပါ၊ ငါ မင်းကို သူ့ဆီပို့ပြီး မိသားစု ပြန်ဆုံစည်းနိုင်အောင် လုပ်ပေးမယ်”
ချင်ယန်ကျွင်းက အန္တရာယ်ပေးလိုသော အပြုံးဖြင့် ပြောလိုက်ပြီးနောက် လင်းတုန်လိုင်နှင့် အခြားသူများထံ မကောင်းသော အကြည့်ဖြင့် လျှောက်လာသည်။
![](https://img.wattpad.com/cover/327002648-288-k232648.jpg)