Chapter 1543

215 23 0
                                    

စာစဉ် 103 Chapter 1543 ငါက ကျူးလုံ ဧကရာဇ်ပဲ

ထိုလူ၏ မျက်နှာက ချုံးချီ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေ၏။ ထိုနတ်ဆိုးဆန်ဆန် အပြုံး၊ ထို ကြောက်စရာ ကောင်း၍ ရက်စက်သော အကျင့်စရိုက်က သူ့စိတ်ထဲ သံမှိုရိုက်ထားသလိုပင်။

ထို့ကြောင့် ယဲ့ဖန်ကို တွေ့လိုက်သည့်အခိုက်မှာပင် သူ ကြက်သီးတဖြန်းဖြန်း ထသွားသည်။

"မင်း ... မင်းက သူပဲ၊ ဒါ မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ချုံးချီ ကြောက်လန့်တကြား အော်ဟစ်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ ထိုလူ ပြန်ရောက်လာသည်ကို ယုံနိုင်စွမ်း မရှိ ဖြစ်နေ၏။

*ဘာ*

၎င်း၏ အော်သံကိုကြားပြီး လူတိုင်း ကြက်သေ သေသွားကြသည်။ ချုံးချီ၏ အသံမှ ကြောက်စိတ်ကို သူတို့ ရှင်းလင်းစွာ ခံစားမိသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီပြိုင်ဘက်ကင်းတဲ့ သားရဲက ကြောက်တတ်တာလား*

*ငါတို့ နားကြားများလွဲသွားတာလား*

အထူးသဖြင့် ရင်ချန်ဖုန်းပင်။ သူသည် ယဲ့ဖန်တစ်ယောက် ချုံးချီထံ၌ အရိုးပင် မကျန်အောင် အစားခံရသည်ကို မြင်ရရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။ သို့သော် ချုံးချီက ဤသို့ ကြောက်လန့်တကြား အော်ဟစ်လာသည်တဲ့လား။

*ဒါ တကယ်ကို မယုံနိုင်စရာ ကောင်းတယ်*

*အမြင်မှားတာ*

*ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*

ရင်ချန်ဖုန်း စိတ်ထဲ၌ အော်ဟစ်နေမိသည်။ ထို့နောက် သူ ချုံးချီကို အော်ပြောလိုက်သည်။

"ချုံးချီ မင်း ဘာလုပ်နေတာလဲ၊ သူ့ကို မြန်မြန် မစားသေးဘူးလား၊ မင်း လူသားစားရတာကို အကြိုက်ဆုံး မဟုတ်ဘူးလား၊ အခု ဘာတွေကို စောင့်နေတာလဲ"

သူ ကြောက်လန့်ကာ စိတ်ပူပန်နေ၏။ သူ့နဖူးမှ ချွေးစေးများ ဆက်တိုက် စီးကျလာသည်။ သူ့စိတ်ထဲမှ အတွေးက မှန်နေမည်ကို အလွန် စိုးရိမ်နေသည်။

"ဒုန်း ဒုန်း ဒုန်း"

ထိုအခိုက်တွင် ချုံးချီ လှုပ်ရှားလာ၏။ ဤသည်ကိုမြင်သော် ရင်ချန်ဖုန်း စိတ်အေးသလို သက်ပြင်းချလိုက်သည်။ သောက်ချုံးချီက အဘယ်ကြောင့် ရပ်သွားသလဲ သူ မသိသော်လည်း ပြန်လည် လှုပ်ရှားလာ၍ တော်သေးသည်။

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now