Chapter 1555

189 18 0
                                    

စာစဉ် 104 Chapter 1555 သေလောက်အောင် ညှို့နိုင်သော မိန်းမလှလေး

သွေးနတ်ဆိုးဘုရင် အံကြိတ်ထားသော်လည်း ဒေါသမထွက်ရဲချေ။ အဘယ်ကြောင့်ဆိုသော် တစ္ဆေကဲ့သို့သော လူရိပ် ဒါဇင်ကျော်က သူ့စစ်သင်္ဘောပေါ်၌ ရပ်နေသည်ကို မြင်နေရသောကြောင့်ပင်။ ထိုသူများသည် တမင် ဖုံးထားခြင်း မဟုတ်သော်လည်း သူတို့၏ ပုံပန်းသွင်ပြင်ကို သူ သေချာ မမြင်ရပေ။

ထို့အပြင် ထိုလူများထဲမှ အများစုသည် သူ့ထက်ပင် သိုင်းအဆင့် မြင့်နေကြောင်း သွေးနတ်ဆိုးဘုရင် ခံစားမိနေ၏။

"ပစ္စည်းသယ်လာခဲ့"

သွေးနတ်ဆိုးဘုရင်က ရှုံ့မဲ့နေသော မျက်နှာဖြင့် အသံပေးလိုက်သည်။ မကြာခင်မှာပင် ကြီးမားသော သေတ္တာတစ်လုံးကို သယ်ဆောင်လာသည်။

အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အနားသို့ လျှောက်သွားကာ သေတ္တာကို ဖွင့်လိုက်သည်။ ထိုအခါ အထဲမှ ကြီးမားသော နျူကလီးယား ဒုံးကျည်ကို တွေ့လိုက်ရသည်။

"ကမ္ဘာဖျက်ဆီးသူ၊ လောကထဲမှာ သေကြေပျက်စီးမှု အများဆုံး နျူကလီးယား လက်နက်ပါ၊ ကိုးပြည်နယ်ထဲက ငါးနိုင်ငံသာလျင် ဒီလိုလက်နက်အမျိုးအစားကို ထုတ်လုပ်နိုင်ပါတယ်၊ ပြီးတော့ သူတို့က ဒါကို ခြိမ်းခြောက်နိုင်မယ့် ပစ္စည်းအဖြစ်ပဲ သိမ်းထားတာ၊ ဘယ်သူမှ ဒါကို မသုံးရဲဘူး၊ ဒါကို လုယူဖို့အတွက် ကျုပ်ရဲ့ ညီအစ်ကို တစ်ထောင်ကျော် သေခဲ့ရတယ်"

သို့သော် ဘုရင်မက သူ့စကားကို မကြားသယောင် ပြုကာ သူမလက်အိတ်ကို ချွတ်လိုက်သဖြင့် နူးညံ့သော ကျောက်စိမ်းသဖွယ် လက်ချောင်းလေးများ ပေါ်လာကာ နျူကလီးယား ဒုံးကျည်ကို ညင်သာစွာ ပွတ်သပ် လေသည်။

"မလုပ်နဲ့ ဒီကမ္ဘာဖျက်ဆီးသူက ရေဒီယို သတ္တိကြွမှု အရမ်းများလို့ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်"

သွေးနတ်ဆိုးဘုရင်က အလျင်အမြန် သတိပေးလေသည်။ သို့သော် ဘုရင်မက နားမကြားသူသဖွယ် ပြုမူ၍ ကမ္ဘာ ဖျက်ဆီးသူအား သူမချစ်သူလေအလား ပွတ်သပ်နေသေးသည်။ သူမ၏ မျက်လုံးကလည်း ပိုပို၍ အရောင်တောက် လာ၏။

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now