အချစ်ဗို့အားတစ်သိန်း

9.3K 22 0
                                    

နဖူးထက် က ချွေးစလေးတွေကို လက်ခုံနဲ့တို့သုတ်ရင်း ရှင်းလက်စအမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်လိုက်သည် အရာရာ နေရာတကျရှိမရှိ ဝေ့ဝဲကြည့်လိုက်ရင်း ကျေနပ်ဟန် ပြုံးသွားကာ အခုမှ စိတ်သက်သာသည့်ဟန်နှင့် အမှိူက်ပုံးနား တင်ပလ္လင်ခွေထိုင်ချလိုက်သည် ခန့်ငြားသည့် ကုတင်ကြီးပေါ်မှ ပန်းပွင့်အကြီးကြီးပုံတွေနဲ့ ခင်းထားသည့် မွေ့ယာ ဖက်လုံး ခေါင်းအုံး စောင် အရာရာ စနစ်ကျဖြစ်သွားပြီမို့ ကိုကို့အခန်းလေးက နေချင်စဖွယ် အသွင်ကိုဆောင်နေသည် အိစက်သည့် ဒီမွေ့ယာပေါ်မှာ ကိုကိုအိပ်မည့်ပုံစံလေးကို မျက်လုံးလေးမှေးကာ ပုံဖော်ကြည့်ရင်း ရှင်းသန့်သည့် မျက်နှာလေးပေါ်မှာ စွဲမက်ဖွယ်အပြုံးလေး ရှပ်ပြေးသွားသည်…။

မြလေး ဒီအိမ်ကြီးကိုရောက်တာ ၅နှစ်ပင်ကျော်ခဲ့ပြီမို့ ဒီအိမ်သားတွေနဲ့ မြလေးဆိုတာ မိသားစုဆိုလျင်မမှား ဦးဖေနှင့်ကိုကိုတို့ကပင် မြလေးကို အိမ်ဖော်(အိမ်ပေါ်)လို့မသုံး ဘယ်သူမေးမေး အိမ်သားတစ်ယောက်အဖြစ် အရာသွင်းကာ တူမ ညီမစသည်ဖြင့် ပြောပြလေ့ရှိသည်….။ မှတ်မိသေးသည် ရောက်ခါစတုန်းက မြလေးအသက်မှ ၁၄.နှစ်ပဲရှိသေးသည် ဆက်သွယ်ပေးသည့် အဒေါ်ကြီးမှ ဒီအိမ်က ဦးဖေတို့ဆီမှာ အပ်နှံရင်း အိမ်သားတွေနှင့် မိတ်ဆက်ပေးသည် ရောက်ခါစမို့ အရာရာအစိမ်းသက်သက်ဖြစ်ကာ အားငယ်ခဲ့ရပေမယ့် အိမ်အကူ အဒေါ်ကြီး ဒေါ်လေးကြူရဲ့ အားပေးနှစ်သိမ့်မှုအပြင် မြလေးထက် ၉နှစ်ပိုကြီးသည့် ကိုကို့ရဲ့ ဂရုစိုက်မှုတွေနဲ့အတူ

သူဌေးကတော်ပေမယ့်မာနမကြီးတတ်ပဲ သမီးအရင်းသဖွယ်စောင့်ရှောက်ပေးသော ဒေါ်လေးယုကြောင့်သာ နေရာသစ်မှာ အမြန်ပင် နေသားတကျဖြစ်ခဲ့သည် အခု ဒေါ်လေးကြူနဲ့ ဒေါ်လေးယုက ဆုံးပါးသွားကြပြီမို့ အနည်းငယ်အဖော်မဲ့သလို ခံစားရပေမယ့် နေ့စဉ်နှင့်အမျှ ကျေနပ်ပျော်ရွှင်စေသည့် အရာတစ်ခုက မြလေးရင်ထဲမှာ ကွန်းခိုနေသည်….။ ထိုအရာသည် မြလေးရုံဆိုသော ၁၉နှစ်အရွယ်မိန်းမပျိုလေးကို အချိန်တိုင်း စက္ကန့်တိုင်း ကြည်နူးနေတတ်အောင်သင်ပေးသလို တစ်ယောက်ထဲနေချိန်မှာတောင် စိတ်ကူးနဲ့ ပျော်နေတတ်အောင် စွမ်းဆောင်ပေးခဲ့သည်….။ မှန်သည်…..။

အပြာစာWhere stories live. Discover now