ဇာတ်လမ်းအကျဥ်းချုပ်

6.2K 224 2
                                    

ဇာတ်လမ်းအကျဥ်းချုပ်

အပျင်းလည်းကြီးပြီးတော့ စာလည်းမတတ်သည့်အပြင်   ဆင်းရဲသားလေး ရွာသားတစ်ယောက်ဟာ ချမ်းသာတဲ့ မြို့ကြီးသူချောချောလေးနဲ့ လက်ထပ်လိုက်ရလေသည်။

ချောမောလှပပြီးတော့ ချမ်းသာလှသည့် ပိုင်ဖုမေ့လေးဖြစ်သူ ကျောက်လန်ရှန်းဆိုသော မိန်းကလေးမှာ သူမ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ပထမဦးဆုံးလုပ်သည့် အရာကတော့ သူမ၏ ခင်ပွန်းကိုရှာဖွေခြင်းပါတည်း။

အရင်ဘဝတုန်းကတော့  သူမတို့တွေဟာ  နောက်ကျမှတွေ့ခဲ့ကြသဖြင့်  သူမတို့ နှစ်ယောက်စလုံး အခက်အခဲမျိုးစုံကို အထီးကျန်စွာဖြင့် ရင်ဆိုင်ခဲ့ကြရခဲ့သည်။ သို့သော် သူမတို့၏ကျန်ရှိသော ဘဝတစ်လျှောက်တွင်တော့ သူမတို့နှစ်ယောက်ဟာ  နွေးနွေးထွေးထွေးနှင့် တစ်ယောက်အတွက်တစ်ယောက် ရှိနေပေးခဲ့လေ၏။

ဒီဘဝမှာတော့ သူမဟာ သူမ၏ခင်ပွန်းကို ကောင်းမွန်သည့်​ဘဝလမ်းခရီးကို ခင်း​ပေးဖို့ ဆုံးဖြတ်လိုက်သည်။  အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ရင်ဆိုင်ဖြတ်ကျော်ဖို့ရန် ကူညီပေးမည်ပင်။  ထို့နောက် သူမတို့နှစ်ယောက်လုံး တောက်ပသော လမ်းမကြီး၌ လက်တွဲအတူ လျှောက်လမ်းသွားကြမည်ပင်။

သို့ပေတည်း.......သူမ၏ ဖြေးဖြေးမှန်မှန်နှင့်အလုပ်ကိုလုပ်တတ်ပြီး ယဥ်ကျေးသိမ်မွေ့လွန်းလှပါသော အပြစ်ကင်းစင်လှပါသည့် ခင်ပွန်းဆိုသည့်သူမှာ ရက်စက်ခက်ထန်ပြီး အေးစက်လှသော ဆူးခက်တွေနှင့် ပြည့်နှက်နေလေသည့် လူငယ်လေးတစ်ယောက်ဖြစ်နေသည်ဆိုတာကိုတော့ သူမအား မည်သူက ပြောပြနိုင်မည်နည်း။

ပြောင်းဖူးခင်းထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အမျိုးသားဟာ စိတ်မရှည်စွာဖြင့် ပိုင်ဖုမေ့လေး၏ သေးသွယ်လှသော မျက်နှာလေးကို ပွတ်သပ်လိုက်ပြီးနောက် မေးစိလေးကို ဖိကိုင်လိုက်ပြီးမော့စေလိုက်ပြီးနောက် ရက်စက်စွာဖြင့် ပြောလိုက်လေသည်။
"မင်းသိပါတယ် မင်းကိုယ့်ကို နောက်တစ်ခါလာရှုပ်ရင် ကိုယ့်ဆီကနေ ထွက်ပြေးလို့မရတော့ဘူး ဆိုတာကိုလေ"

 ........

T/n - ပိုင်ဖုမေ့ဆိုသည်မှာ ပိုင် (ဖြူစင်သော) ဖု (ချမ်းသာသော) မေ့ (လှပသော) ဆိုပြီး အဓိပ္ပါယ်ရပါတယ်ရှင့်။ ပြောရရင် ဖြူစင်သည့် မိချမ်းသာ မိန်းမလှလေး ဟု ဆိုလျှင် ရမည်ထင်ပါတယ်ရှင့်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now