အခန်း ။ ၆ မှ ၁၀

2.1K 282 9
                                    

အခန်း ၆ ။

မကြာခင် ဟဲ့စုန်ရယ်က အခန်းကိုသန့်ရှင်းရေးလုပ်လိုက်သည်။ သူမသည် သန့်သန့်ရှင်းရှင်းနေတတ်သောသူဖြစ်သောကြောင့် အခန်းထောင့်လေးမှာပင် ဖုန်တစ်မှုန်မျှမကျန်တော့ချေ။ ဟဲ့မိသားစုအိမ်မှာ ဟောင်းနွမ်းနေသော်လည်း သူမ၏ သပ်သပ်ရပ်ရပ်နည်းစနစ်ကျကျထိန်းထိမ်းထားခဲ့ခြင်းကြောင့် ပျက်စီးခြင်းများမရှိ။

 

ဟဲ့စုန်ပိုင်က အနီးအနားတွင် လေးလံသောခြေသံများကိုကြားသဖြင့် ကြည့်လိုက်သောအခါတွင် ပိန်ပိန်ပါးပါးအရိပ်ကလေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ အမျိုးသမီးလေးသည် ခရီးဆောင်အိတ်လေးလေးပင်ပင်ကို ဆွဲကာ ဟဲ့မိသားစုအိမ်ဆီသို့ လျှောက်လာနေသည်။ ခရီးဆောင်အိတ်ကို မြေကြီးပေါ်တွင် ချထားလိုက်ပြီးနောက် အင်္ကျီလက်ကို ဆွဲတင်ကာ နှဖူးကချွေးကိုသုတ်လိုက်သည်။ ကြည်လင်နေသောချွေးစက်များက သူမအရေပြားပေါ်မှစီးကျနေသည်။ သူမ၏နက်မှောင်နေသော ဆံသားများက ပါးပြင်ပေါ်တွင် ကပ်နေပြီး ဇီးစေ့လောက်သာကျန်သော မျက်လုံးအကြည့်လေးက ပင်ပန်းနေကြောင်း ထင်ရှားစေသည်။

 

စုန်ရယ်က သူမခါးနားတွင်ရှိသော ခေါင်းလောင်းအားဝေ့ယမ်းလိုက်ပြီး အကိုဖြစ်သူကို လှမ်းခေါ်လိုက်သည်။ စုန်ပိုင်ကလည်း ကြက်ချေးများကို ချထားလိုက်ပြီး တိတ်တိတ်လေး ရေတွင်းမှာလက်သွားဆေးပြီးနောက် မဖိတ်ခေါ်ထားသော ဧည့်သည်ရှေ့မှာ ရပ်လိုက်သည်။ သူ့ညီမက သူ့ကို လက်ဟန်ဖြင့် "ခရီးဆေင်အိတ်ကိုယူသွားဖို့ ကူညီပေးပါဦး"ဟု ပြောလိုက်သည်။

 

ဟဲ့စုန်ပိုင်က မျက်မှောင်ကြုံပြီးစဥ်းစားနေပုံပေါ်သည်။ ထိုအခါ စုန်ရယ်က "သူ့ကို ဒီမှာနေခွင့်ပေးလိုက်တာ"ဟု ဆက်ပြောလိုက်လေ၏။

 

"မရဘူး တခြားနေရာမှာ နေရမယ်"

 

ဟဲ့စုန်ပိုင်၏ လက်များက သူမနောက်က တံခါးဆီကိုရောက်သွားပြီး "ဘာလုပ်မလို့လဲ"ဟုဆိုရင်းနှင့် သူမအား အိမ်ထဲသို့ တွန်းထည့်လိုက်သည်။ ကျောက်လန်ရှန်းက သူလူအိုကြိး တံခါးကိုပိတ်ပြီး စုန်ရယ်ကို အခန်းထဲပိတ်တာကို ရပ်ကြည့်နေခဲ့သည်။ ဘယ်လောက်တံခါးခေါက်ခေါက် ဖွင့်မပေးချေ။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now