၅၄ ၊ ၅၅

672 91 3
                                    

အခန်း ၅၄ ။

အစီအစဉ်တစ်ခုလုံးကို ကြီးကြပ်ဦးစီးကြသည့် ခေါင်းဆောင်လေးယောက်ကိုမူ ရဲစခန်းသို့ ခေါ်သွားကြလေသည်။ တစ်ရက်တည်းမှာပဲ မေးခွန်းတွေကို စစ်မေးကြသည်။

ထိုခေါင်းဆောင်လေးဦးအနက် ယခု မတော်တဆမှုအတွက် တာ၀န်အရှိဆုံးဖြစ်သည့် စန်းရှောင်ကိုမူ ထောင်ဒဏ် အနှစ် နှစ်ဆယ် ချမှတ်လိုက်လေသည်။ ဖောက်ခွဲရေးစတင်ဖို့ အားပေးအားမြှောက်လုပ်ခဲ့သည့် ဝမ်ယန်ကိုမူ ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်ကြသည်။ ကျန်နှစ်ယောက်ဖြစ်သည့် ဟူရှန့်ကျိနှင့် ဝူယွန်းကိုကား လွှတ်ပေးလိုက်ကြသည်။

ဟူရှန့်ကျိသည် မတော်တဆမှုမဖြစ်ပွားခင်အချိန်ထိ ဖောက်ခွဲရေးအစီအစဉ်ကြီးဖြစ်မြောက်ဖို့ တက်တက်ကြွကြွပါ၀င်ခဲ့သူတစ်ဦးဖြစ်သော်လည်း သူသည် အလုပ်သမားဆယ်ယောက်ထက်မနည်းကို ကယ်တင်ခဲ့သူဖြစ်သောကြောင့် သူ၏ အပြစ်များမှာ လျော့ပေါ့သွားခဲ့ခြင်းဖြစ်သည်။ သို့‌ပါ‌သော်လည်း ရွာသူရွာသားအချို့မှာမူ သူ့ကို မုန်းနေကြသေးသည်။

ဝူယွန်းမှာတော့ နျိုကျောင်းတောင်ဖောက်ခွဲရေး၌ ပတ်သတ်ပါ၀င်ခြင်းမရှိခဲ့ပါချေ။ သူသည် ဟဲ့ရှန်းတောင်အတွက် တာ၀န်ရှိခဲ့သူတစ်ဦးဖြစ်ပါ၏။ ကနဦးအစ၌ သူသည် စန်းရှောင်တို့နှင့်ပူးပေါင်း၍ နျိုကျောင်းတောင်ရေသွယ်ရေးအစီအစဉ်တွင် ပါ၀င်ဖို့ဖြစ်ခဲ့သည်။
 သို့သော် စန်းရှောင်နှင့် သဘောထားခြင်းကွဲလွဲမှုများကြောင့် ဟဲ့ရှန်းတောင်ဘက်သို့ တာ၀န်ယူခဲ့ခြင်းဖြစ်သည်။
ဝူယွန်းသည် နျိုကျောင်းတောင်ရှိ ဆည်မြောင်းများကို ရေသွယ်ရန်အတွက် ဖောက်ခွဲရေးအစီအစဉ်ကို သုံးမည်ဟူသည့် စန်းရှောင်၏ အကြံဉာဏ်ကို သဘောမတူခဲ့ချေ။ သူဦးစီးဦးမှူးပြုခဲ့သည့် ဟဲ့ရှန်းတောင်အစီအစဉ်မှာတော့ မည်သည့်အထိအခိုက်မျှ မရှိဘဲ ချောချောမွေ့မွေ့ပြီးသွားခဲ့လေရာ ထိုခေါင်းဆောင်လေးဦးအနက် သူသည် အပြစ်လုံး၀မရှိဟူသည့်အချက်ကို ရဲများကလည်း သဘောပေါက်သွားခဲ့လေသည်။

တစ်ပတ်ခန့်အကြာ၌ ဟူရှန့်ကျိ လွတ်လာသည်။ သူ၏ မရိတ်ဘဲထားထားသည့် ပသိုင်းမွှေးများဟာ သူ့ မျက်နှာတစ်ခုလုံးကိုပင် ဖုံးလျက်ရှိသည်။ လူပုံစံသည်လည်း ညှင်းသိုးသိုးဖြင့်ပင်။

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now