အခန်း ။ ၁၁ မှ ၂၀ ။

2.6K 258 8
                                    

Unicode

အခန်း ၁၁ ။

ကျောက်လန်ရှန်းတို့ အသားဆိုင်ရှေ့ရောက်သောအခါ အနည်းငယ်နောက်ကျသွားပြီဖြစ်သောကြောင့် တန်းစီနေသောလူတန်းကြီးမှာ နှစ်တန်းလောက်ရှိနေပြီဖြစ်သည်။ ကြက်သား ဝက်သားတို့မှာ အကုန်မြန်သောကြောင့် သူမတို့အလှည့်ရောက်သောအခါ ဝက်ခြေထောက်များ အိမ်မွေးကြက်အသည်း ကြက်ခေါင်းနှင့် ကြက်ခြေထောက်တို့သာ ကျန်တော့လေသည်။

ထိုအတွင်းကလီစာများသည် အချိုရည်သို့မဟုတ် အဆီမပါသဖြင့် လူအများက မကြိုက်ကြသော်လည်း ကျောက်လန်ရှန်းကမူ ကြိုက်တတ်သည်။ အဲ့ဒီ့အစိတ်အပိုင်းအကုန်လုံးက ကောင်းပြီး အရသာရှိပုံပေါ်ပြီး အဆီဓာတ်လည်း သိပ်မဆိုးပေ။ ယခုကာလတွင် ဟင်းခတ်အမွှေးအကြိုင်များရှားပါးသဖြင့် လူအများက ထိုသို့သောအစားအသောက်များ၏ အရသာကို ထွက်လာအောင် မချက်နိုင်ကြချေ။

နောက်ဆုံးတွင် ကျောက်လန်ရှန်းက အသားသီးသန့်နှစ်ပေါင်နှင့် ဝက်ခြေထောက် နှစ်ပေါင်တို့ကိုဝယ်လိုက်သည်။ ကြက်သား၊ ဘဲကျောက်ကပ်၊ ဘဲခေါင်းနှင့် ဘဲခြေထောက်များကိုလည်းပဲ အလွတ်မပေးပဲ ပြုံးပြီး အိတ်ထဲအကုန်ထည့်လိုက်သည်။ သူမမှောင်ခိုဈေးမှဝယ်လာခဲ့သော အသားလက်မှတ်များလည်း ကုန်သွားခဲ့သည်။ ဆိုင်မှ အရောင်းစာရေးက အသားများကို ရက်ရက်ရောရောဝယ်ယူနေသော ကောင်မလေးကို သေချာကြည့်နေလေသည်။ ကျောက်လန်ရှန်းကလည်း ချောင်းလေးတစ်ချက်ဟန့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ကျွန်မက စားသောက်ခန်းအတွက် ဈေးဝယ်သူအသစ်ပါ။ အသားဝယ်ဖို့ တာဝန်ယူထားရလို့"

ကျောက်လန်ရှန်းက အရောင်းစာရေး၏ သံသယကိုဖြေဖျောက်ရန် ထိုသို့ပြောခဲ့သည်မှာ အခြားကြောင့်တော့မဟုတ်။ မြို့မှာနေသူများက ဖောဖောသီသီစားကြသော်လည်း ကျေးလက်ဒေသမှသူများကတော့ တစ်လလျှင် လူတစ်ယောက်၏ အသားဝေစုမှာ ပေါင်တစ်ဝက်စာဖြစ်သည်။ ကျောက်လန်ရှန်းဝယ်ယူခဲ့သောဝက်သားဝေစုမှ အနည်းဆုံးတစ်နှစ်စာလောက်ရှိမည်။

ကျောက်လန်ရှန်းက အသားများကို ဝါးခြင်းတောင်းထဲသို့ ထုတ်ပိုးပြီးထည့်လိုက်ကာ နဂါးလိုရှည်လျားသောလူတန်းရှည်ကြီးကနေ တိတ်တဆိတ်ထွက်လာခဲ့သည်။ လမ်းကြားထဲတွင် ပုန်းနေသော ဟဲ့စုန်ပိုင်ကို မျက်စပစ်ပြလိုက်သည်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now