အခန်း ။ ၁ မှ ၅

3.3K 324 21
                                    

Unicode

အခန်း ၁ ။

 

ကျောက်လန်ရှန်း၏ မျက်လုံးလေးများဟာ နီရဲလာခဲ့ပြီး ပါးပြင်ပေါ်မှ မျက်ရည်စများသည်လည်း စီးကျနေလေသည်။

 

သူမသည် ဆေးရုံကုတင်ပေါ်မှာ နွေးထွေးပြီးကြီးမားသော လက်တစ်စုံအား ကိုင်လျက်သားဖြင့် တိတ်တဆိတ်ငိုကြွေးနေလေ၏။

 

"လန်ရှန်း မင်းက ကလေးလည်းမဟုတ်တော့ဘူးလေ အဲ့လိုငိုမနေပါနဲ့တော့နော်..."

 

ကုတင်ပေါ်တွင်လှဲလျောင်းနေသော အမျိုးသားက ပြောရင်းနှင့် သူ့လက်ကိုဆန့်ထုတ်ပြီး သူမခေါင်းကိုပုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူသည် လက်ကိုတောင် မနည်းဆန့်ထုတ်နေရသည့် အခြေအနေဖြစ်နေသည်။

 

သူသည် အိုလည်းအိုနေပြီဖြစ်၏။ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သော ဒဏ်ရာဟောင်းများကြောင့် သူသည် ယခုချိန်တွင် နာလန်ပြန်မထူနိုင်တော့ချေ။ နုပျိုစဥ်က ဆယ်နှစ်လောက်ထောင်ထဲတွင် ခံစားရခဲ့သမျှသည် ယခုအသက်ကြီးလာချိန်တွင် နာမကျန်းချည်းဖြစ်နေသော ခန္ဓာကိုယ်အဖြစ်သာ ကျန်ခဲ့တော့သည်။ ယခုအချိန်ထိ အသက်ရှင်နေသေးသည်ကပင် ဘုရားရှင်ကောင်းချီးပေးထားခြင်းလို့ပင် ဆိုရပေမည်။

 

သူ၏ အိုမင်းပြီးလေးလံနေသော မျက်ဝန်းတစ်စုံက သူ့အမျိုးသမီးလေးကို ယုယကြင်နာစွာကြည့်လိုက်သည်။သူမဟာ သူ့လောက်အသက်ကြီးနေပြီဖြစ်သော်လည်း သူမသည် လှမြဲလှဆဲပင်ဖြစ်၏။

 

သူမပြုံးလိုက်တိုင်း မျက်ခုံးညိုညိုလေးများက လခြမ်းလေးလိုကွေးညွှတ်သွားသည်ကို သူ အရမ်း သဘောကျခဲ့သည်။

 

"ကိုယ့်ကို ပြုံးပြပါဦးလား?"

 

ကျောက်လန်ရှန်းက သူ့မျက်ရည်များကိုသုတ်လိုက်ပြီး ကုတင်ပေါ်မှာလှဲနေသော အမျိုးသားအား စိတ်မပါလက်မပါ ပြုံးပြလိုက်၏။

 

ဟဲ့စုန်ပိုင်က သူ့မျက်လုံးများကို ကျေနပ်သွားသည့်သယောင် မှိတ်လိုက်တော့လေသည်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now