အခန်း ၃၆ - ၄၀ ။

1.5K 153 11
                                    

Unicode

 
အခန်း ၃၆ ။
 
ကျောက်လန်ရှန်းပြောတာကို နားထောာင်ပြီးနောက် ကျန်းလိ၏ ပထမဆုံး တုံ့ပြန်မှုက ၎င်းတို့ကို မယုံရန်ဖြစ်သည်။
 
သူ့အစ်ကိုက ဘယ်သူမလို့လဲ။
 
တပ်ခွဲတစ်ခုလုံးတွင် အလားအလာအရှိဆုံး လူငယ်တစ်ယောက်။ တခြားသူတွေလိုမဟုတ်ပဲ သူမိဘများထံမှ ကြည့်ကောင်းခြင်း ရုပ်ရည်ကို အမွေခံခဲ့သည်။ သူ့ထက် အလုပ်ပိုကောင်းသူများတောင် သူ့လောက် ကြည့်မကောင်းကြ။ သူ့အစ်ကိုကို ကြိုက်သော အမျိုးသမီးလေးများကို တန်းစီလိုက်လျှင် လမ်းတစ်လမ်းလုံးအပြည့်ဖြစ်သည်။
 
အခုကို ကျောက်လန်ရှန်းက သူနှင့် လမ်းခွဲလိုက်ပြီဟု ပြောပြီး သူ့အစ်ကို သူ့ကို စာကောင်းကောင်းတစ်စောင် ရေးလိုက်သည်။ ကျန်းလိက ရယ်ချင်သော်လည်း  ကျောက်လန်ရှန်း၏ မျက်လုံးထဲတွင် လေးနက်မှုများကို တွေ့လိုက်ရဖြင့် မရယ်နိုင်ခဲ့။
 
“ဘာလဲ ငါ့အစ်ကို နင့်ကို ကောင်းကောင်းဆက်ဆံတာ လိုချင်လို့လား”
 
“ဒီတစ်ခါ အခွင့်အရေးကို လက်လွှတ်လိုက်ရရင် နောက်ဆို မရှိတော့ဘူးနော်။ ငါတို့ ကျန်းမိသားစုတံခါးကို ဖြတ်လို့မရတော့ဘူးမှတ်။”
 
ကျန်းလိကတော့ ကျောက်လန်ရှန်းစကားများ မှားသည်လို့ မထင်။ သို့သော်လည်း သူ့အစ်ကိုက မိန်းကလေး၏ စိတ်ရင်းကို ချနင်းသည်ကို မြင်နေကျဆိုတော့လည်း တွေးတော့တွေးမိသည်။ အကယ်လို့ ကျောက်လန်ရှန်းသာ သူမကို ကောင်းမွန်စွာဆက်ဆံမည့် ကောင်လေးရှိလျှင် သူ့အစ်ကိုဆီကနေ ထွက်သွားလောက်မည်ဖြစ်သည်။
 
ကျောက်လန်ရှန်း အမှန်တကယ်ဒေါသထွက်နေသည်ဟု ထင်သော်လည်း သူ့အစ်ကိုအပေါ်ထားသော စိတ်ရင်းကို တစ်ခါမျှ သံသယမဝင်ဖူးခဲ့ပေ။
 
အစတုန်းကတော့ အတင်းတွေ ဖြစ်နေခဲ့ပြီးတော့ ဘာလို့ ဒီလို နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ရသနည်း။
 
ကျောက်လန်ရှန်းက စိတ်မဝင်စားပဲ “နင် ဘယ်လိုပဲ တွေးတွေး ကိစ္စမရှိဘူး”ဟု လှမ်းအော်လိုက်သည်။
 
“ဒါပေမယ့်လည်း နင့်အစ်ကိုမှာ အဲ့လို စိတ်လေးရှိနေသေးရင် သူကို နည်းနည်းပါးပါး ပြောလိုက်ပါဦး။ ဒီလိုကာလကြီးမှာ မိန်းကလေးတစ်ယောက်ကို ဒီလိုစာတွေ ရေးတာက ရှက်စရာကောင်းတယ်။ လူဆိုးတွေတောင် အဲ့လိုမလုပ်ဘူး”
 
သူမက ကျန်းကျန်ကျွင်း၏ စာကို တစ်ချက်ကြည့်လိုက်သည်။
 
တကယ်တော့ ကျန်းကျန်ကျွင်းက သူမဆီ ရည်းစားစာရေးမည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့။ ထိုအတွေးကြောင့် သူမက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။ သူမသည် အစောက တစ်ချက်လေးပဲကြည့်လိုက်သောစာကို ရုတ်တရက် ပြန်ဆန်းစစ်လိုက်သည်။ သူမ၏ ထိုလုပ်ရပ်က ကျန်းလိမျက်စိထဲရောက်သွားခဲ့ပြီး ကျန်းလိကလည်း သိလိုက်သည်။ ကျောက်လန်ရှန်းက နှုတ်မှ ကြမ်းတမ်းစွာပြောလိုက်သော်လည်းပဲ နှလုံးသားကတော့ နူးညံ့ဆဲဖြစ်သည်။
 
ကျန်းလိက ပြောလိုက်သည်။ “နင့်ကိစ္စ ငါမသိဘူး။ မုန့်ပေါင်းပဲ စားချင်တယ်”
 
ကျောက်လန်ရှန်းက စာကိုဖတ်ကြည့်လိုက်သောအခါ ကျန်းလိ၏ မျက်လုံးဆေးချင်စိတ်ကို နားလည်သွားခဲ့သည်။ သူမက ကျန်းကျန်ကျွင်း၏ နွေးထွေးရဲရင့်သော အခြမ်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now