အခန်း ၄၆ ၊ ၄၇ ၊ ၄၈ ။

1.6K 149 8
                                    

Unicode

 

 
အခန်း ၄၆ ။

ဟဲ့စုန်ပိုင်သည် သည်ကမ္ဘာတွင် သူ့မြေးသာ အတော်ဆုံးအကောင်းဟု ထင်မှတ်ထားသည့် သူ၏အဘွားကို အတော်ချစ်သည်။

အမှန်ဆိုလျှင် ဟဲ့စုန်ပိုင်တွင် ကျောက်လန်ရှန်းသာရှိမနေခဲ့လျှင် သူ့ကို ချစ်မည့်ကြိုက်မည့်မိန်းမဟူ၍ တစ်ယောက်မျှပင် ရှိမည်မဟုတ်ချေ။ သည်လို အညတရ ဂုဏ်မရှိ၊ ဥစ္စာမရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ကြိုက်မည့်လူ ထပ်၍ ရှိနိုင်မည်မဟုတ်‌။

‌ဟဲ့စုန်ပိုင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"‌အေးဆေး နားနေဦးအဘွား၊ ကယ်ဆီယမ်အားတိုးဆေးတွေကိုလည်း အချိန်မှန်သောက်ဖို့ မမေ့နဲ့ဦး။ ခုနောက်ပိုင်း ရာသီဥတုကကောင်းတာမဟုတ်ဘူး။ မိုးကရွာပြီး စိုထိုင်းထိုင်းဖြစ်နေတာ။"

"ပြီးတော့ အဘွားခြေထောက်တွေ နာလာတဲ့အချိန်တွေကျရင် အကိုက်ခဲပျောက်ဆေးလေးဘာလေး သောက်"

ထိုအခါ အဘွားဖြစ်သူက ပြောလာလေ၏။
"အကိုက်ခဲပျောက်ဆေးတွေ ဘာတွေ မသောက်ချင်ပါဘူးအေ အဘွားကတော့ အဘွားမြစ်လေးတွေကိုပဲ တရုတ်စာသင်ပေးချင်နေတာ"

ဟဲ့စုန်ပိုင်သည် ဘွားအေဖြစ်သူ၏ ဆန္ဒကိုကြား၍ စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် သူ၏ ညစ်ပတ်ပေရေနေသည့် အ၀တ်အစားများကို ကောက်ကိုင်လိုက်ပြီး အခန်းထဲမှ တိတ်တဆိတ်ထွက်သွားသည်။

...

ညစာစားသည့်အချိန်တွင် အဘွားဟဲ့သည့် ကျောက်လန်ရှန်းကို ခေါ်၍ သူ့တွင်ရှိသည့် ဟောင်းနွမ်း ကြေမွနေသည့် ငွေစက္ကူရွက်များကို ထုတ်ပေးသည်။

"ထမင်းဖိုးပေးတာ"

"ယူထားလိုက်"

ကျောက်လန်ရှန်းသည် အဘွားဖြစ်သူ၏အပြောကြောင့် ၀မ်းသာသွားသည်။ နောက်ဆုံးတော့ သည်မာနကြီးသည့် အဘွားကြီးသည် သူမကို လက်ခံစ ပြုနေပြီပင် ဖြစ်သည်။ ကျောက်လန်ရှန်းသည် အဘွားဟဲ့လှမ်းပေးသည့် ပိုက်ဆံကို မငြင်းပဲ လက်ခံလိုက်သည်။

အဘွားဟဲ့သည် ကျောက်လန်ရှန်းကို ထမင်းဖိုးဟူ၍ပေးသော်လည်း တကယ်မှာ အိမ်စားသောက်ရန်လိုအပ်တာများကို ၀ယ်ခြမ်းသူမှာ ဟဲ့စုန်ပိုင်ဖြစ်သည်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now