၅၁ မှ ၅၃

416 63 0
                                    


ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝ:
အခန်း ၅၁ ။

ကျောက်လန်ရှန်း ထွက်သွားတော့ ဟဲ့စုန်ပိုင်သည် "သူက ဘယ်သူကြီးလဲ သိလား" ဟု မေးလိုက်သည်။

ဟဲ့စုန်ပိုင်ကို အခုကိစ္စမှာတော့ ဖုံးကွယ်မထားရက်။

ကုဟွာကျင်းသည် အတန်ကြာမှ ခေါင်းကို လေးတွဲတွဲဖြင့်ငြိမ့်လိုက်သည်။
ကုဟွာကျင်းသည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် "မင်းတော့ စက်ဘီးကို တစ်ခြားနေရာမှာ ထားခဲ့ပြီ" ဟုပြောလိုက်သည်။

ဟဲ့စုန်ပိုင်က ပြောသည်။ "မသိတော့ပါဘူးဗျာ"

ဟဲ့စုန်ပိုင်သည် သက်ပြင်းတွေပဲထိုင်ချရင်း ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေသည်။

ဟဲ့စုန်ပိုင်ပြန်လာတိုင်း အမြဲတမ်း ၀က်သားအတွဲလိုက် ပါလာတတ်သည်။ ၀က်သားတွေနှင့်အတူ သူ့ခန္ဓာကိုယ်သည်လည်း ၀က်သွေးညှီစော်နံနေတတ်သည်။ ကုဟွာကျင်းသည် ဟဲ့စုန်ပိုင် ဘာလုပ်လာခဲ့လဲဆိုတာ ဟဲ့စုန်ပိုင် မပြောပြလည်းပဲ အလိုလိုခန့်မှန်းမိပါ၏။

ဟဲ့စုန်ပိုင်က "ခင်ဗျား ဘာပြောမလဲဆိုတာ သိတယ်၊ မပြောနဲ့" ဟု တိုတိုပြတ်ပြတ်ပင် ပြောလိုက်သည်။

အရင်တစ်ခေါက် ကောင်မလေးတစ်ယောက် သူ့ကိုစောင့်ကြည့်နေကတည်းက ဟဲ့စုန်ပိုင်သည် ပို၍ပင် သတိဝီရိယကြီးလာခဲ့သည်။ ညဘက်ပိုင်းမှာလည်း တစ်ယောက်ယောက်စောင့်ကြည့်နေတယ်ဟု ခံစားရလျှင် အပြင်သိပ်မထွက်တော့ပေ။

ကုဟွာကျင်းသည် ပလုတ်ကျင်းလိုက်ပြီး သူ့ပါးစပ်ထဲကနေ စီးကျနေတဲ့သွေးတွေကို ထွေးထုတ်လိုက်သည်။ သူ၏ မျက်လုံးထောင့်များမှာလည်း ရောင်ကိုင်းနေသည့်အပြင် မျက်ခုံးမွှေးထောင့်များမှာလည်း ညိုမဲနေလေသည်။ သူသည် စကားပြောလျှင်လည်း ဝူးဝါးရှူးရှားဖြင့် ပလုံးပထွေးပြောတတ်သည်။ သို့သော် လူငယ်လေး ဟဲ့စုန်ပိုင်ရှေ့တွင်မူ သူသည် အနေအထိုင်ဆင်ခြင်ပါသည်။

ကုဟွာကျင်းသည် ပလုတ်ဘာညာကျင်းပြီးနောက် မျက်နှာကို အ၀တ်ဖြင့် သုတ်လိုက်သည်။ ထို့နောက် "ငါ့အိပ်တော့မယ်" ဟု ဟဲ့စုန်ပိုင်အား လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now