Ep-1

446 27 2
                                    

Bible Pov
ရှေ့နေတယောက်ဖြစ်တဲ့ ကျွန်တော်အတွက် ဘဝကြီးကသိပ်ကိုအထီးကျန်လွန်းတယ်၊ ဒါမယ့် အထီးကျန်တယ်လို့တွေးဖို့အချိန်မရှိတဲ့ထိ အလုပ်တွေတအားများတယ်၊ တခြားသူတွေလို ဘဝကိုရိုးရှင်းစွာဖြတ်သန်းချင်ပင်မယ့် ကျွန်တော်ဘဝကတော့ အမှုပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ်ဖြတ်သန်းနေရတယ်၊

"Bible ဒီနေ့ ငါတာဝန်ယူထားတဲ့ အမှုကို မင်းကိုလွှဲပေးချင်လို့ "

လာပြန်ပြီ၊ ရည်းစားရသွားကတည်းက သူအမှုတွဲတွေပါ ကူခိုင်းနေတဲ့ ကျွန်တော်ရဲ့အကိုတဝမ်းကွဲ Tong
Thanayut ၊ သူမဲဆွယ်ကောင်းလို့ ဒီရှေ့နေ့အလုပ်ကိုလုပ်ဖြစ်ခဲ့တာ၊ အခုလဲ သူနဲ့အတူတူ အလွတ်တန်းရှေ့နေအနေနဲ့ ရုံးခန်းတခုကို စပ်တူဖွင့်ထားတယ်၊
သူနဲ့အတူတူအလုပ်လုပ်ကတည်းက ကျွန်တော်ခေါင်းနေ့စဉ်ကိုက်တော့တာဘဲ၊ အခုလဲနှစ်သစ်ကူးတာတောင် ရုံးခန်းထဲဘဲ ကူးရတော့မယ့်အဖြစ်ကိုတွေးရင်း သက်ပြင်းချမိနေပြီ။

"ဟာPကလဲ ကျွန်တော်ကိုင်ထားတဲ့အမှုတွေတောင်မပြီးသေးတာကိုး ဒီတခါတော့မလုပ်ပေးနိုင်ဘူး Pဘာသာလုပ် "

"လုပ်ပါBibleရယ် ဒီတခါနောက်ဆုံးပါနော် "

"မရဘူး "

"ဒီတခေါက်အမှုက အရေးကြီးလို့ မင်းကိုကိုင်ခိုင်းတာပါ မင်းလဲသိတာနဲ့ နာမည်ကြီးအမှုတွေကိုင်ရင် Pကစိတ်လှုပ်ရှားလွန်းတယ်ဆိုတာကိုလေ "

"ပြီးရော အခုကဘာအမှုလဲ "

"အော် Model တယောက်ရဲ့ တရားစွဲဆိုတဲ့အမှုပါ "

"ဖိုင်တွဲထားခဲ့လိုက်လေ ကျွန်တော်အားရင်ကြည့်လိုက်မယ် "

"သေချာလေးလုပ်ပေးနော် ၊ဒီအမှုပါနိုင်လို့ကတော့ ငါတို့ရုံးခန်းလဲ ပိုနာမည်ကြီးမှာ "

"Pကျွန်တော်တို့ကရှေ့နေတွေလေ ဘယ်လိုအမှုသည်ဘဲလာလာ အမှုနိုင်ဖို့ကိုအစွမ်းကုန်ကြိုးစားပေးမှာ သူဘာသာနာမည်ကြီးမကလို့ဘာဘဲဖြစ်ဖြစ် ကျွန်တော်ရုံးခန်းရောက်လာရင်တော့ ကျွန်တော့်အမှုသည်ဘဲ "

"မင်းကလဲ စာအုပ်ကြီးအတိုင်းမလုပ်စမ်းပါနဲ့၊ သူကလဲ Pအသိကညွှန်းပေးလို့ ဒီရောက်လာမှာ Pမျက်နှာလေးကိုထောက်ပြီး ရောက်လာရင်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလိုက်ပါနော်၊ ဟိုတခါမင်းသမီးSandyလို့တော့ နှင်မထုတ်လိုက်နဲ့နော် "

Happiness Where stories live. Discover now