Ep-2

223 21 0
                                    

Bible Pov

"Bible မနေ့ကအမှုသည်ကိုနှင်ထုတ်လိုက်တယ် ဆို"

"ဟုတ်တယ်လေ ၊သူတို့ကအချိန်မှမလေးစားတာ "

"သူတို့ကအကြောင်းရှိလို‌့လေ၊ တခါတလေလဲတခြားသူတွေဘက်ကိုနားလည်ပေးဖို့က်ြုးစားပေးပါဦး အမြဲတဖက်သတ်အမြင်နဲ့ဘဲမဆုံးဖြတ်နဲ့လေ "

"သူတို့ကိုနာရီဝက်တောင်ကျွန်တော်ဘက်ကစောင့်ပေးထားတာဘဲ၊ ကျွန်တော်မှားတယ်လို့မထင်ဘူး၊ ပြီးတော့သူတို့ကလဲ လူကိုရန်တောင်တွေ့သွားသေးတယ် "

"ဟားးမင်းရန်ဖြစ်လာတဲ့သူက basဘဲဖြစ်ရမယ် "

"Bas ကဘယ်သူလဲ "

"ဆံပင်အမြဲဘေးခွဲတယောက်လေ၊ ခန္ဓာကိုယ်နဲနဲတောင့်တောင့်နဲ့ ၊နောက်တယောက်က..

"Buiမလား "

"အမယ် နာမည်တောင်သိလို့ပါလား၊ ဘယ်လိုလဲလူချင်းတွေ့လိုက်တော့ ချောတယ်မလား "

"ဘာလဲ ကျွန်တော်အမှုသည်မို့ နာမည်မှတ်မိတာဆန်းလား ပြီးတော့မချောပါဘူးသူက "

"Buiကိုမချောဘူးလို့မြင်တာ နင်ဘဲရှိမယ် သူကိုဆို ကျားမ မရွေး ကြိုက်လွန်းလို့ မော်ဒယ်လောကမှာ နာမည်ကြီးနေတာလေ မင်းမျက်လုံးများကန်းနေတာလား အမ် "

"သူကိုချောတယ်လို့မထင်ပင်မယ့် နဲနဲတော့ချစ်ဖို့ကောင်းပါတယ် "

"ဘုရားဘုရား ဒီနေ့ထီထိုးရမယ် bible ပါးစပ်ကချစ်ဖို့ကောင်းတယ်လို့ပြောခံရတဲ့သူရှိတဲ့အထိမ်းအမှတ်နဲ့လေ "

"P အရမ်းoverဖြစ်မနေပါနဲ့ သူ့ပုံစံကိုကြည့်ပြီး ဒီတိုင်းပြောလိုက်တာဘဲရှိတာပါ "

"အေးပါ၊ ဒါနဲ့အမှုသည်လို့ပြောလိုက်တော့ အမှုကိုလက်ခံလိုက်ပြီလား "

"အရင်ဆွေးနွေးကြည့်ဦးမယ်လေ ပြီးမှ လက်ခံသင့်လားဆိုတာစဉ်းစားမယ် "

မနေ့ကဆွေးနွေးဖို့သူတို့ဘက်ကနောက်ကျပင်မယ့် ငါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူတို့ဘက်ကအခြေအနေကိုရိပ်မိလို့ နောက်ထပ်အခွင့်အရေးပေးသင့်တယ်လို့ထင်တယ်၊ buiဘက်ကလဲတောင်းပန်သွားတဲ့အတွက် မနေ့ကကိစ္စကို ငါ့ဘက်ကစိတ်မဆိုးတော့ဘူး။

Happiness Kde žijí příběhy. Začni objevovat