Ep-5

224 25 0
                                    

Third person Pov

"Khun Buildရဲ့ရည်းစားက ရှေ့နေတယောက်ဆိုတာအမှန်ဘဲလား "

Usရဲ့အကြံတိုင်း ငါ့တိုက်ရှေ့ရောက်နေတဲ့သတင်းထောက်တွေပြန်အောင် သူတို့လိုချင်တဲ့အဖြေပေးဖို့ အင်တာဗျူးမေးခွန်းတွေကိုတခုမကျန်ဖြေနေရတော့တယ်။

"ဟုတ်ကဲ့ "

"ဒါဆို P Alex နဲ့က "

"အော် Pနဲ့က စိနီယာဂျူနီယာဆက်ဆံ‌ေရးပါ၊ အရင်ကတည်းက buiနဲ့သိလို့အထင်လွဲကြတယ်ထင်တယ် "
Usကဘဲ ကျန်တဲ့မေးခွန်းတွေကိုဖြေပေးတော့တယ်။

"ဒါဆို ဘာလို့သတင်းထွက်ကတည်းက မငြင်းတာလဲ"

"အော် အဲ့ဒါ agency ဘက်ကအကြောင်းပြန်ချက်မထုတ်ပေးတာပါ၊ Ceoနဲ့ P Alex တို့ကသူငယ်ချင်းတွေဆိုတော့ အားနာလို့ထင်ပါ့ရက် ဟားးး "

Usကနောက်သလိုလိုပြောတဲ့စကားကို သတင်းထောက်တွေလဲသဘောကျကာရယ်နေကြတယ်၊ ငါကတော့ ခေါင်းတွေဘဲကျိန်းနေတော့တယ်၊ Usက ကုမ္ပဏီကို တိုက်ရိုက်စိန်ခေါ်လိုက်တာဘဲ ဘာလို့ဆို သူတို့ခွင့်ပြုချက်မပါဘဲ ငါတို့ကအင်တာဗျူးဖြေနေတာမို့‌ေလ။

"Buiရဲ့ရည်းစားကို ဘယ်တော့လူ‌ရှေ့ထွက်ပြမှာလဲ "

"Buiရဲ့ကိုကိုက အရမ်းချောတာ အဲ့မို့ buiကအရမ်းသဝန်တိုတာ "
Usကတော့ ချဲ့ကားပြီးပြောနေတော့တာဘဲ၊ ငါ့မျက်နှာတော့ဘယ်နားထားရမှန်းမသိတော့ဘူး။

******

"Buiမင်းဒါဘာလုပ်တာလဲ "

"ဘာလုပ်လို့လဲ "

"ဒီသတင်းတွေကတကယ်အမှန်တွေဘဲလား "

"အမှန်တွေမို့ အင်တာဗျူးတောင်ဖြေပြီးပြီလေ "

"အမှန်ဆို‌တိုင်း ထွက်ပြောစရာမှမလိုတာ "
Alex နဲ့သတင်းတောင်မင်းငြိမ်နေသေးတာဘဲ ခုမှဘာလို့ "

"P Alex နဲ့ကဟုတ်မှမဟုတ်ဘဲ ခုကအမှန်ဆိုတော့ အသိပေးသင့်တယ်ထင်လို့ "

"ငါနဲ့တော့ မင်းအရင်တိုင်ပင်သင့်တယ်မထင်ဘူးလား "

"အရေးပေါ်အခြေအနေမို့ တိုင်ပင်ဖို့အချိန်မရှိဘူး၊ ပြီးတော့ ရလဒ်ကလဲ P Alex နဲ့သတင်းထွက်တာထက်စာရင် ပိုမကောင်းဘူးလား "

Happiness Where stories live. Discover now