Ep-11

188 26 2
                                    

Bible Pov

"တခါမှ မဆက်သွယ်ဘူးတဲ့သူက ထူးထူးဆန်းဆန်းဆက်သွယ်လို့ အံ့ဩနေတာ "

"ငါ နင်ဆီကအကူအညီတောင်းစရာရှိလို့ Sandy "

"Bible Wichapas ဆိုတဲ့နင်ကလေ ငါဆီကအကူအညီလိုတယ်ပေါ့လေ၊ ငါကမကူညီနိုင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ "

"ငါနင်ကိုတကယ်တောင်းပန်ပါတယ်၊ ငါကိုကူညီပေးပါနော် "

"အရင်တခါ နင်ဆီငါလာတုန်းက ဒီလိုလေသံမျိုးမဟုတ်ပါဘူး၊ ဘာကများ bible Wichapas ရဲ့မာနကိုတောင် ခဝါချစေတာလဲ သိပ်သိချင်တာဘဲ "

"အရင်ကဇာတ်လမ်းတွေ ငါပြန်မပြောချင်ဘူး၊ ငါအခုလာတာ နင်ကူညီပေးမလား၊ မပေးဘူးလားဘဲသိချင်တာ "

"Okay,ပြောကြည့်လေ "

" Star account က Ceoက နင့်exမလား၊ ငါသူဆီကနေ သက်သေတခုရှာစရာရှိလို့ နင်ကူညီပေးလို့ရမလား "

"ဒါကကိစ္စကြီးဘဲ၊ တကယ်လို့ကူညီပေးရင် ငါကဘာပြန်ရမှာလဲ "

ထင်တဲ့အတိုင်းဘဲ Sandy ဆိုတဲ့မိန်းမက သူ့အတွက်မကျန်ရင် ဘာမှမလုပ်တတ်ဘူးဆိုတာ ကြိုတွေးထားပြီးသား၊ Sandy ဆိုတာ ကျွန်တော်ရဲ့exလေ ကျွန်တော်နဲ့တွဲနေတုန်း တခြားတယောက်နဲ့ပါအပြိုင်တွဲနေခဲ့တာ ဒါမယ့် သူဘဲအရင်လမ်းခွဲခဲ့တာလေ ကျွန်တော်ကိုအပြစ်တင်ပြီး သူမမှားသလိုလုပ်ခဲ့တာ၊
အရင်တခါ အမှုကိုဗန်းပြပြီး ကျွန်တော်နဲ့ထပ်တွဲဖို့ကြိုးစားလို့ ရုံးခန်းကနေ သူကိုနှင်ထုတ်ခဲ့တာကို သူလိုမိန်းမက ခုထိစိတ်ထဲမှတ်ထားမယ်ဆိုတာသိပြီးသား၊ သူနဲ့တွဲတာ Ptong တင်မဟုတ်ဘူး၊ ဘယ်သူမှမသိဘူး သူကမင်းသမီးမို့ လျှို့ဝှက်ပေးခဲ့တာ ဒါမယ့် သူလျှို့ဝှက်ပြီး တွဲတာကျွန်တော်တယောက်တည်းဘဲ ကျန်တဲ့သူ‌ေတွနဲ့တော့ သူပေါ်တင်တွဲပြနိုင်တယ် အဲ့မို့ တလျှောက်လုံး ကျွန်တော်ဘက်ကဘဲ လိုအပ်ချက်ရှိတယ်ဘဲ ထင်ပြီး နောက်ထပ်ထပ်ချစ်ဖို့ကိုကြောက်ခဲ့တာ ဒါမယ့် buiနဲ့တွေ့မှ ကျွန်တော့်သီအိုရီတွေလဲ ပြောင်းပြန်ဖြစ်ခဲ့ပြီ

*****

Third person Pov

"အမှုကိုတရားစွဲဖို့ ရုံးတင်လိုက်ပြီ၊ တရားရုံးဘက်ကစာကျလာရင်တော့ အမှုရင်ဆိုင်လို့ရပြီ "

Happiness Where stories live. Discover now