Ep-6

212 26 0
                                    

Bible POV

ငါ့ဖုန်း notiတွေတောက်‌လျောက်တက်‌ေနလို့ဘာများဖြစ်တာလဲပေါ့ ဆိုပြီး ဖုန်းကိုဖွင့်အကြည့်

"အော် သူပုံတင်လိုက်လို့ဘဲ "

ငါ့ဆီကခွင့်ပြုချက်ရပြီးမှ တင်တာမို့ အရမ်းကြီးတော့စိတ်မတိုမိဘူး ဒါမယ့် notiတွေများပြီး ငါ့ကိုစောင့်ကြည့်နေမယ့်လူတွေများလာတာ‌ေတာ့မကြိုက်ဘူး၊ ငါကအေးဆေးဘဲနေချင်တာလေ

"ငါဘာလို့ ဒီကိစ္စကိုလက်ခံခဲ့တာလဲ "

နဲနဲတော့စိတ်ရှုပ်သလိုဖြစ်ပင်မယ့် ပုံလေးကိုကြည့်ပြီးတော့ တချက်ပြုံးမိသွားသေးတယ်၊ သူကိုစာနာလို့ကူညီပေးမိတာဘဲနေမယ်။

ငါ့ဖုန်းမြည်လာလို့ ကြည့်မိတော့ unknown number လေးတခု

"Hello"

"ရှေ့နေကြီး ၊ဟိုလေ buiပုံတင်လိုက်တာမို့၊ notiတွေတောက်လျောက်တက်နေမှာ အဲ့ဒါလေ ရှေ့နေကြီး စိတ်ရှုပ်သွားမှာဆိုးလို့ notiပိတ်တာဖြစ်ဖြစ် ဒါမဟုတ် ဒီရက်ပိုင်း online မသုံးဘဲနေရင်ကောင်းမယ်ထင်လို့ အော်အဲ့ဒါကလဲ ရှေ့နေကြီး စိတ်တိုင်းကျလုပ်ပါ buiကဝင်စွက်ဖက်တာမဟုတ်ပါဘူးနော် "

"..."

တောက်လျောက်ပြောတဲ့သူကြောင့် ငါဘာမှပြန်မပြောမိ၊ ဒါမယ့်ငါ့ကိုစိတ်ပူနေလို့‌ေပြာ‌ေနတယ်ဆိုတာတော့ ရိပ်မိတယ်၊ သူစကားများရင် ဒီလိုပုံလေးလား၊ အမြဲမေးတခွန်းဖြေတခွန်းဘဲရှိတဲ့ငါတို့နှစ်ယောက်ကြားမှာ ဒီအဆင့်ထိဘယ်လိုတက်လာမိတာလဲ၊ ဒါတွေကလဲ ဟန်ဆောင်ချစ်သူဆိုတဲ့ခေါင်းစဉ်ကြောင့်ဘဲလား။

"ရပါတယ်၊ နဂိုကတည်းက လိုင်းသိပ်မသုံးတာမို့ အဆင်ပြေပါတယ် Khun Bui "

"Ahh, ဟုတ်အဆင်ပြေတယ်ဆိုတော်သေးတာပေါ့၊ buiကမပြေမှာစိုးရိမ်နေတာ၊ အဲ့ဆို ဖုန်းချလိုက်တော့မယ်၊ ဖုန်းဆက်ပြီးနှောက်ယှက်သလိုဖြစ်သွားရင်လဲတောင်းပန်ပါတယ်၊ good night နော်ရှေ့နေကြီး "

"ဟုတ်ကဲ့ "

ငါ့ကိုစိုးရိမ်တဲ့သူ၊ အခုလို good night ပြောပေးမယ့်သူမရှိတာ အတော်ကြာပြီ၊ အခုလိုအမှတ်တမဲ့ကြားရတော့လဲ ရင်ခုန်မိသလိုဘဲ။

Happiness Where stories live. Discover now