Ep-13 (final)

362 33 1
                                    

Bible POv

ပြတ်သွားတယ်လို့ သတင်းထွက်ထားတာမကြာသေးတာမို့ ပြန်တွဲနေတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ငါရဲ့ပူပူနွေးနွေးရည်းစားလေးနဲ့စကားများရတော့တာပါဘဲ

"ဘာလို့ ထုတ်မပြောချင်တာလဲ "
ခါး‌ေလးထောက်ကာ ဆူပုပ်နေတဲ့ သူက တကယ့်ကလေးပေါက်စ၊ ခါးထောက်နေတဲ့သူလက်လေးကို ဆွဲကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်တော့

"Don't touch me! " တဲ့

သဘောက သူတအားစိတ်ဆိုးနေပါတယ်ပေါ့၊ သူရဲ့ချစ်စရာကောင်းတဲ့ E-accent လေးကြောင့် အူယားလို့ ဆူပုပ်နေတဲ့ပါးလေးကို လိမ်ဆွဲချင်ပင်မယ့် ပိုစိတ်ကောက်သွားမှာဆိုးလို့

"ကို ရှင်းပြတာနားထောင်ပါဦး honeyရာ"

သူ့မျက်နှာလေးကို ငါ့ဘက်လှည့်ကာ မျက်နှာချင်းဆိုင်အနေအထားနဲ့ သေချာရှင်းပြလိုက်တော့တယ်၊

"ကိုလဲ buiနဲ့ပေါ်တင်တွဲချင်တာပါ၊ ဒါမယ့်ပြတ်တယ်လို့ပြောတာကလဲမကြာသေးဘူးလေ၊ ပြီးတော့ အခုမှရည်းစားစဖြစ်တာကို လူတွေအများကြီးမသိစေချင်ဘူး၊ အဓိကက buiအတွက်ဘဲတွေးပေးတယ်ဆိုတာ ယုံနော် "

"ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်မယ် "

"ကို့honeyလေးက လိမ်မာလိုက်တာ ကို့ဆီလာပါဦး"

ဆိုပြီး ဆွဲခေါ်လိုက်တော့ ရင်ခွင်ထဲအလိုက်သင့်လေးပါလာတယ်၊ တနေ့တနေ့ အချစ်‌တွေက ပိုတိုးလာတာမို့ Bui jakapan ဆိုတဲ့ နွံ့လေးထဲက ရုန်းထွက်ဖို့ကမဖြစ်နိုင်တော့ သလို ရုန်းထွက်ဖို့ကိုလဲ စိတ်ကူးနဲ့တောင်မတွေးမိတာမို့ ဘေးနားတသက်လုံးရှိနေမှာမို့ ယုံပေးနော်၊

"နောက်မှ အေးဆေး‌ထုတ်ပြောကြမယ်နော် "

ဆိုပြီး နဖူးလေးကို ဖွဖွလေးနမ်းလိုက်တော့

"ဘာလို့လာနမ်းတာလဲ "

"စိတ်ဆိုးပြေသွားပြီထင်လို့လေ "

"ဘယ်သူကပြေတယ်ပြောလို့လဲ "

ဆိုပြီး နှုတ်ခမ်းကြီး ဆူကာ ပြောနေပင်မယ့် လူကတော့ ရင်ခွင်ထဲကမထွက်သေးတဲ့ အဆိုးလေးကတော့ လူကို အူယားအောင်လုပ်နိုင်တဲ့နေရာမှာ တကယ့်နံပတ်တစ်ဘဲ

Happiness Tempat cerita menjadi hidup. Temukan sekarang