Ep-3

200 22 0
                                    

Build Pov

"Bui..မင်းဒီကြော်ငြာကိုလက်ခံမယ်လို့ထင်တောင်မထားဘူး "

"Alex လိုနာမည်ကြီး မင်းသားနဲ့တွဲရိုက်ခွင့်ရတဲ့အခွင့်အရေးကိုဘယ်လက်လွှတ်ခံလို့ဖြစ်မလဲနော် "

P Alex manager က ငါကိုခနဲ့သလိုပြောလာပင်မယ့် ငါပြုံးဘဲပြလိုက်တော့တယ်၊ သတင်းတွေဒီလောက်ထွက်နေတာ ခုလိုကြော်ငြာတူတူတွဲရိုက်တာကို fanတွေသိလို့ကတော့ နောက်ဖြစ်မယ့် ပြဿနာကိုရင်မောတယ်။စာချုပ်သာမရှိလို့ကတော့ ဒီသတင်းတွေကအမှန်မဟုတ်ကြောင်း ငါကိုယ်တိုင်ပြောပြဖြစ်မှာ ခုတော့....

"ကဲ စရိုက်မယ်၊ အားလုံး ready ဆို Stan By နော် "

.
.
"Alexက Buiနားနဲနဲကပ်လိုက်နော်၊ ကြော်ညာက ‌perfumeဆိုတော့ နှစ်ယောက်သားနီးကပ်နေမှအဆင်ပြေမယ်လေ "

ဒီဒါရိုက်တာကလဲ အချိုးမပြေဘူး၊ ဒီလောက်ကပ်နေတာတောင် ထပ်ကပ်ခိုင်းနေတော့တယ်။တခြားသူတွေနဲ့ဆို ကိစ္စမရှိပင်မယ့် P Alex နဲ့တော့ဘယ်လိုမှ အသားချင်းတောင်မထိချင်ဘူး၊ Pကကွာရှင်းတာသိပ်မကြာသေးတော့ အခုလိုနီးနီးကပ်ကပ်ရိုက်နေရင် ပိုအထင်လွဲစရာတွေဖြစ်တော့မှာ။

"Okay, ဒီနေ့‌ဓာတ်ပုံရိုက်တာတော့ပြီးပြီနော်၊ နောကိတပတ်တော့အတူတူ liveလွှင့်ပေးရမယ် "

Producer ကရုတ်တရတ်ပြောလာတော့ အံ့ဩမိတယ်။Bas ကိုလှမ်းကြည့်မိတော့

"ဒါမယ့် liveလွှင့်မယ့်ကိစ္စက ကြိုမပြောထားသလားလို့လေ "

Basကဒီလိုပြန်‌ေမးပုံ‌ေထာက်ရင်သူလဲ ဒီကိစ္စကိုမသိထားတဲ့ပုံဘဲ။

"အော် ဟုတ်တယ်၊ ကြိုပြောဖို့ကိုမေ့သွားလို့၊ အခုပြောလိုက်တော့လဲအဆင်ပြေတယ်မလား "
P Alex manager က ဝင်ပြောလိုက်တော့

"ဘာလို့ ငါတို့ကိုမပြောဘဲထိန်ချန်ထားတာလဲ "

Photo shoot တောင်ရိုက်ပြီးမှတော့ ငြင်းလို့မရတော့ဘူးလေ၊ကြို‌ေပြာရင်ငါတို့ဘက်ကလက်မခံမှာကိုသိလို့ သပ်သပ်ငါတို့ကိုမပြောဘဲထားတာ၊

Basနဲ့ ဟိုဘက်ကမန်နေဂျာနဲ့စကားများတော့မယ့်ပုံရိပ်ကြောင့် တွေးနေတာကိုရပ်ပြီး ဝင်တားလိုက်တော့တယ်။

Happiness Where stories live. Discover now