ep-10

212 22 0
                                    

Bible pov

"ဒါပြီးရင် ဘယ်သွားချင်သေးလဲ bui "

"Bible ကြိုက်တဲ့နေရာသွားပါ၊တနေ့ကုန် buiအကြိုက်ဘဲလိုက်လုပ်နေရတာဆိုတော့လေ အားနာလို့ပါ "

"ကို ကိုအားနာစရာမလိုပါဘူး၊ ဒါမယ့် ကိုသွားချင်နေတဲ့နေရာတ‌ေနရာတော့ရှိတယ် "

"Wow, ဒီလိုနေရာရှိသေးတာလား၊ အရမ်းလှတာဘဲ "

နာမည်မကြီးတဲ့ ပန်းခြံတခုကိုခေါ်လာခဲ့တယ်၊ ဒီနေရာက ငါစိတ်ညစ်တိုင်း အပန်းလာဖြေတတ်တဲ့ ငါ့ရဲ့ကိုယ်ပိုင်နေရာလေးဆိုပိုမှန်မယ် လူတွေသိပ်မသိပင်မယ့် ပန်းခြံအနှံ့ လှပတဲ့ပန်းရောင်စုံတွေကြားထဲ ရေကန်လေးတခုပါရှိနေတဲ့အပြင် နေဝင်ချိန်ဆည်းဆာအလှကြောင့် နဂိုထက်ပိုလှပနေတယ်။

"Bui သဘောကျရဲ့လား "

"အင်းအရမ်းသဘောကျတယ်၊ Bible ကဒီလိုနေရာတွေသဘောကျတာကိုး၊ buiကမသိဘဲ လူများတဲ့နေရာတွေဘဲခေါ်သွားမိတယ် "

"Buiခေါ်တဲ့နေရာတွေလဲ ကြိုက်ပါတယ်၊ အဓိကက အမှတ်တရဖြစ်ဖို့ဘဲ လိုတာပါ "

နေဝင်ဆည်းဆာအလှကိုနှစ်ယောက်သား တိတ်တိတ်လေးခံစားရင်း အချိန်တော်ကြာငေးမောနေမိကြတယ်။

"Bui ဒီနေ့dateကိုဘယ်လိုသဘောရလဲ "

"အွန်း၊ ပျော်ဖို့ကောင်းတယ်၊ တခါမှမလုပ်ဖူးတာ‌တွေ Bible ကျေးဇူးကြောင့် လုပ်လိုက်ရသလိုဘဲ၊ ဒီနေ့ကိုလုံးဝမေ့နိုင်မယ်လို့မထင်ဘူး၊ ခုလို buiနဲ့အတူတူဟန်ဆောင်ပေးလို့ကျေးဇူးဘဲနော် "

ဟန်ဆောင်ပေးလို့ ဘာလဲဒီနေ့ကိုလဲ ဟန်ဆောင်dateလို့ တနေကုန်သူစိတ်ထဲထင်နေတာလား၊ ဟာကွာ ငါတနေကုန် ကြိုးစားခဲ့သမျှက အလကားဖြစ်သွားတာလား

"Bui စိတ်ထဲ တခြားဘာခံစားချက်မှမဖြစ်ဘူးလား "

ငါတယောက်ဘဲ တဖက်သတ်ချစ်နေခဲ့တာလား၊ buiကော ငါ့အပေါ်တစက်လေးမှ ခံစားချက်ရှိ‌မနေဘူးလား

"အင်းရည်းစားတခါမှမထားဖူးတော့ ပထမဆုံးချိန်းတွေ့ဖူးတာမို့ ရင်တော့တုန်တယ် ဒါမယ့် Bible ကြောင့် တနေကုန်ပျော်ခဲ့ရလို့ ရင်တုန်ဖို့တောင်အချိန်မရှိသလိုဘဲ "

Happiness Where stories live. Discover now