ep-8

225 30 0
                                    

Third person Pov

"ရှေ့နေကြီး ဟိုနေ့ကbuiကိုကူညီပေးလို့ကျေးဇူးပါနော် "
Bible ရုံးခန်းကိုရောက်လာတဲ့ buiက

"ကျေးဇူးတင်ဖို့မလိုပါဘူး Bui"
ဟယ်ငါ့ကို buiလို့ခေါ်လိုက်တာလား၊ ခါတိုင်းလို Khun buiလို့မခေါ်ဘဲနဲ့ ငါဘဲနားကြားမှားတာလား။
ဒါမှမဟုတ် ငါကြားချင်တာတွေဘဲကြားနေမိတာလား။

"ဟိုလေ ဒီပန်းအိုးကိုယူထားပေးပါနော်၊ ကျေးဇူးတင်တဲ့အနေနဲ့ပါ "

"ဒီပန်းအိုးက.."
နေကြာပန်းအိုးလေးတအိုးကို လက်ဆောင်ပေးလာလို့ တအံ့တဩမေးလိုက်မိတယ်၊ ငါလဲပန်းပင်စိုက်တာဝါသနာမပါဘူးလေ ဘာလို့ပန်းအိုးပေးတာပါလိမ့် ဒါမယ့် သူ့အပြုံးလေးလိုဘဲ နေကြာပန်းလေးကလဲ တောက်ပနေတယ်။

"ရုံးခန်းထဲထားဖို့လေ ရှေ့နေကြီးရုံးခန်းလေးပန်းအိုးလေးရှိတော့ နဲနဲစိုစိုပြေပြေဖြစ်သွားတာပေါ့ သေချာလေးပြုစုပျိုးထောင်ပေးနော် "

(ဘဝမှာ buiချစ်တဲ့သူလေးကိုတွေ့တဲ့အခါ နေကြာပန်းအိုးလေးလက်ဆောင်ပေးမယ်လို့ အရင်ကတည်းတွေးခဲ့ဖူးတယ်၊ တသက်မှာတစ်ခါဘဲ ချစ်မယ့် သစ္စာတရားနဲ့ အချစ်စစ်ကို ကိုယ်စားပြုတဲ့ နေကြာပန်းလေးတွေလိုဘဲ buiလဲ အချစ်စစ်ကိုရှာတွေ့ခဲ့ပြီမို့လေ)

အလှဆုံးအပြုံးလေးနဲ့ပြောလာတဲ့သူကြောင့် ဘယ်နှယ့်စက္ကန့်ကြာအောင်ငေးနေမိလဲမသိ။သေချာတာတော့ ရေတွက်လို့မရတဲ့ စက္ကန့်‌အကြိမ်ရေလောက်ထိ ဖြစ်လိမ့်မယ်ထင်တယ်။

"ရှေ့နေကြီး အဆင်ပြေရဲ့လား "

"အော် ဘာပြောလိုက်တာလဲ Bui "

သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိတာနဲ့ သူ့ရဲ့တယောသံလေးလိုချိုတဲ့အသံလေးကြားမှ သတိဝင်မိတော့တယ်၊ အမ်နေပါဦး ငါဘာလို့အဲ့လောက်ထိသူ့ကိုတင်စားနေမိတာလဲ၊ ဒါမယ့် နောင်တမရပါဘူး ဘာလို့ဆို သူကိုတင်စားဖို့ဆို ‌နှိုင်းယှဉ်စရာစကားလုံးရှာမတွေ့မိမှာကိုဘဲပိုစိုးရိမ်မိတာ။

"ဟိုလေ နေကြာပန်းမကြိုက်လို့လားဟင် တခြားပန်းပြောင်းပေးရမလား ရှေ့နေကြီး "

Happiness Where stories live. Discover now