Chapter 4

643 58 2
                                    

ရွှီချင့်အိမ်ပြန်ရောက်သည်နှင့် သူမဖုန်းထဲတွင် လွှတ်သွားသောဖုန်းခေါ်ဆိုမှုများဆက်တိုက်တွေ့လိုက်သည်။ သူမပြန်ခေါ်တော့မည်အခါမှာမုန့်ရန့်ချန်၏ဖုန်းခေါ်ဆိုမှုကဝင်လာခဲ့တယ်

"ဟယ်လို?"

"မင်းတို့ဘက်မှာ မီးလောင်နေတာလား?"  မုန့်ရန့်ချန်က မေးသည်။

"နောက်လမ်းကပါ ဒီမှာတော့အဆင်ပြေပါတယ်။"  ရွှီချင့် သူမဖိနပ်ကို ချွတ်လိုက်ပြီး အခန်းထဲသို့ ခြေဗလာဖြင့်လျှောက်သွားလိုက်တယ်

"အဲဒါဆိုတော်သေးတာပေါ့"  မုန့်ရန့်ချန်က "မကြာသေးခင်က အလုပ်များနေတုန်းပဲလား"

"နည်းနည်း"  ရွှီချင့် ကြမ်းပြင်မှမျက်နှာကြက်အထိရှိတဲ့ပြတင်းပေါက်မှန်ရှေ့ကိုဖြတ်သွားကာ ရွှံ့မှုန်များ ဖုံးလွှမ်းနေသော သူမ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။  သူမ မျက်ခုံးပင့်ကာ စိတ်မသက်မသာဖြင့် "နောက်မှပြောတော့မယ် ရေသွားချိုးမလို့ ၊မနက်​ဖြန်​ကျရင်အဖေနဲ့အမေကိုတွေ့ဖို့အိမ်​လာခဲ့ပါ့မယ်​"

"ကောင်းပြီ"  မုန့်ရန့်ချန် ဖုန်းချလိုက်သည်

  ရေပန်းအောက်တွင် ရပ်နေသော ရှီချင့် စီးကျလာသော ရေများကိုကြည့်ရင်း -စုန့်ယန့်၏အရိုင်းဆန်သောမျက်လုံးများ ၊ချောမောတဲ့မျက်နှာကို ဖုံးလွှမ်းနေတဲ့အနက်ရောင်ချွေးစက်များနှင့်အတူဆိုးသွမ်းသောအမူအရာက ယခင်အတိုင်မပြောင်းလဲပဲအတူတူပင်ဖြစ်ကြောင်းသတိရမိသွားသည်။

  ထိုအချိန်တုန်းက ရွှီချင့်သည် အထက်တန်းကျောင်းသူတစ်ဦးသာဖြစ်၏

  အဲ့တုန်းကနွေရာသီဖြစ်လိမ့်မယ် ၊ကျောင်းဆင်းချိန် အိမ်ပြန်လမ်းတွင်  ရွှီချင့် က စုန့်ယန့် နဲ့သူ့ဖွဲ့ဆီမှတားဆီးခြင်းခံခဲ့ရပါတယ်။
 
  ရွှီချင့်ကခေါင်းငုံ့ရင်းနဲ့လမ်းလျှောက်လေ့ရှိသည်။  စုန့်ယန့် ရဲ့ ဖိနပ်ကိုနင်းလုနီးနီးမှာပဲ သူ့အမြင်အာရုံကို တစ်စုံတစ်ယောက်က ပိတ်ဆို့နေမှန်းသိလိုက်ရပြီး ခေါင်းကိုမော့လိုက်သည် ။

စုန့်ယန့် က မေးစေ့ကိုပင့်မြှောက်ပြီး "မင်းနာမည်က မုန့်ချင့် ဟုတ်တယ်မလား?"

Waiting for you in a city (MM translation)Where stories live. Discover now