Chapter 38

732 58 7
                                    

မြေအောက်ရထားသည် လျင်မြန်စွာ ရွေ့လျားနေပြီး ရွှီချင့် က မရွေ့ခဲ့ဘဲ၊ စုန့်ယန့် လည်းထိုအတိုင်နေသည်။

သူတို့ကို ဘယ်သူကမှ ဂရုမစိုက်ပါဘူး၊ ဒါမှမဟုတ် လူတိုင်းက သူတို့ကိုစုံတွဲလို့ ထင်ကောင်းထင်နေတာဖြစ်နိုင်တယ်။

ပြတင်းပေါက်မှန်ကိုကြည့်လိုက်တော့ မှန်က သူမနဲ့ စုန့်ယန့် ရဲ့ပုံသဏ္ဍာန်ကို ရောင်ပြန်ဟပ်နေခဲ့သည်။  သူတို့ နှစ်ယောက်လုံး နီးနီးကပ်ကပ် ရပ်နေခဲ့ကြပါတယ်။  ပြတင်းပေါက်ကို လှမ်းကြည့်ချိန် သူ့အကြည့်တွေက စုန့်ယန့် ရဲ့ အကြည့်တွေနဲ့ ဆုံမိသည် ။

သူမက အဝေးကို ကြည့်ပြီး ခဏစဉ်းစားလိုက်တယ်။  ရွှီချင့် ဖြည်းညှင်းစွာပြောင်းပြီး တိုင်ကိုကိုင်ရင်း သူနှင့် မျက်နှာချင်းဆိုင် နှုတ်ဆက်သည်။

နှစ်ယောက်လုံးကတိတ်ဆိတ်စွာ ရပ်နေကြပါတယ်။

နောက်ဆုံးတော့ စုန့်ယန့် က "ဂုဏ်ထူးဆောင်အစည်းအဝေးကဘာတဲ့လဲ?"

ရွှီချင့် : "ငါအရှုပ်လုပ်မိသွားပုံရတယ်"

စုန့်ယန့် က မျက်ခုံးပင့်လိုက်ပြီး "ဘာကိုဆိုလိုတာလဲ?"

ရွှီချင့် ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ပြန်ပြောပြပြီး သူမရဲ့ မိန့်ခွန်းစကားတိုင်းကို ပြောပြ၏။

စုန့်ယန့် က သူ့ထင်မြင်ချက်ကို ထုတ်မပြဘဲ ပြုံးရုံသာ။  သူ့ကို မဝေဖန်ဘူး။

ရွှီချင့် "အဲ့ကလေးအတွက် ၊ ငါနင့်ကိုမပြောရသေးဘူး..နင့်ကိုကျေးဇူးတင်ရဦးမယ်"

စုန့်ယန့် က သူမစကားကို နားထောင်ပြီး အများကြီးမတွေးခဲ့ပါ "ဘယ်လိုကျေးဇူးတင်မှာလဲ၊ ထမင်းထပ်ကျွေးဦးမှာလား?"

"အင်း"  ရွှီချင့် ဖြေသည်။  သူမပြန်ဖြေပြီးနောက်မှ သူက သူမကိုကျီစားနေပုံရသည်ကိုသိလိုက်ပါတယ်။  သူမ သူ့ကို 'ထမင်းလိုက်ကျွေးမယ်' ဆိုပြီးနောက်ဆုံးအကြိမ်တုန်းကပြောခဲ့တာကို ပြန်သတိရမိ၏။  ဒါကြောင့် စကားကို ပြန်ပြင်ပြောလိုက်တယ်- "ငါပြောင်းမယ်၊ နင့်ကို ကျေးဇူးတင်ဖို့ တခြားနည်းနဲ့ ပြောင်းမယ်"

Waiting for you in a city (MM translation)Where stories live. Discover now