Chapter 37

658 62 12
                                    

ဆယ်ရက်အကြာတွင်၊ ကယ်ဆယ်ရေးတာဝန်သည်အဆုံးသတ်သို့ရောက်ရှိသွားပြီဖြစ်သည်။ နောက်ဆုံးတော့ တပ်သားအားလုံးကို ရုတ်သိမ်းရမယ့်နေ့ရောက်လာခဲ့တယ်။

ထိုနေ့တွင် ရွှီချင့် စစ်သားများ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေသည်။ ရွာသူရွာသား​​တွေက လိုက်လံပို့ဆောင်ကြပြီး သူတို့ကိုရပ်​တန့်​စေကာ ဒေသထွက်လက်ဆောင်များပေးချင်ကြပါတယ်​။

သဘာဝဘေးသင့်ဒေသသည် ရိက္ခာပြတ်လပ်နေပြီး တပ်မတော်ကလည်းလိုက်နာရသောစည်းကမ်းရှိတာကြောင့် တပ်သားများကလက်ဆောင်များကိုလက်ခံလို့မရပေ။

နှစ်ဖက်စလုံးက အရှုံးမပေးဘဲ ငြင်းဆန်နေကြတယ်။

ရွှီချင့် အနားတွင်ကားများဖြတ်သန်းသွားစဉ် သူမကယ်တင်ပေးခဲ့သည့်စစ်သားများစွာကသူမကိုနှုတ်ဆက်ကြသည်။ သူမက ခေါင်းညိတ်ပြပြီး နှုတ်ခမ်းကိုအနည်းငယ်ဆန့်လိုက်ပါတယ်။

စစ်ကားတွေ တဖြုတ်ဖြုတ် ထွက်သွားပြီး ရွာသူရွာသားဟောင်းတွေက ကားနောက်ကို လိုက်လာပြီး လက်ပြနှုတ်ဆက်ကြ၏။

ရွှီချင့်ကလူအုပ်အနောက်လျှောက်သွားလိုက်တဲ့အခါ စုန့်ယန့် သည်ထိုနေရာတွင်ရှိနေတာကိုသတိထားမိသည်။ ဒီနေ့ သူပြန်သွားတော့မှာပါ။

စုန့်ယန့် အနားတွင် လူများစွာပတ်လည်ဝိုင်းနေပြီး သူကအကြိမ်ကြိမ်အခါခါ ခေါင်းညိတ်ပြနေရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏လက်ဆောင်များကို ငြင်းပယ်ခဲ့၏။ ထိုအချိန်တွင် သူသည် အမှတ်မထင် ခေါင်းကို လှည့်လိုက်ရာ နှစ်ယောက်သား၏မျက်လုံးများက ရွေ့လျားနေသော လူအုပ်ကို ဖြတ်သွား၍ အဝေးမှဆုံမိကြသည်။

ခဏရပ်ပြီးနောက် သူတို့ တုံ့ဆိုင်းသွားကြပါတယ်။

သူမသည် ဆက်လက်၍ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မနေနိုင်စွာပြန်လှည့်ကြည့်မိ၏။ ရွာသားများကြားတွင် ရပ်နေသော စုန့်ယန့် သည် သာမာန်ထက်ထူးခြားစွာအရပ်ရှည်ပြီး ၊ချောမောသွယ်လျသောနောက်ကျောပုံရိပ်ရှိသည်။

သူကကားပေါ်တက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

သို့သော် သူကားအနားသို့ရောက်သွားသည်တွင် အကြောင်းတစ်ခုခုကြောင့် ခေါင်းကို အနည်းငယ်လှည့်၍ ရွှီချင့် ထွက်ခွာသွားသည့် လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ကာ သူမကို ငေးကြည့်လိုက်မိသည်။

Waiting for you in a city (MM translation)Where stories live. Discover now