Chapter 9

437 52 2
                                    

ကားအောက်ခြေကိုရေများ စိမ့်ဝင်လာခဲ့ပြီး ညစ်ပတ်အေးစက်သည့်ရေများက ရွှီချင့်၏ ဖိနပ်များကို စိုစွတ်နေသည်။

ရွှီချင့်က ထိုင်ခုံပေါ်တွင်ကွေးနေလိုက်ရင်း 119 ကိုခေါ်ဆိုကာ ခုနကသူမပြောခဲ့သည့်စကားအတိုင်းပြောပြီးနောက်"ကားက တံတားအောက်ခြေဘက်ကိုလျှောကျနေတယ် ပြီးတော့ရေတွေဝင်နေပြီ မြုပ်ဖို့လေးမိနစ်လောက်ပဲကြာနိုင်တယ်.."

"ကောင်းပြီ၊ မင်းရဲ့တည်နေရာအနီးမှာမီးသတ်သမားတွေရှိတယ်၊ သူတို့ကအကြောင်းကြားထားပြီးပြီမလို့ မင်းဖုန်းကို အချိန်မရွေးအသုံးပြုနိုင်အောင်သေချာထိန်းသိမ်းထားပေးပါ"

"ကျေးဇူးတင်ပါတယ်"  ရွှီချင့် ဖုန်းကို ချလိုက်ပြီး အသက်ရှူရခက်သလိုခံစားရသည်။  ခေါင်းငုံ့ပြီး ခြေထောက်တွေကို ဖက်ထားရင်း တစ်စက္ကန့်လောက် စိတ်ငြိမ်အောင် ထားလိုက်တယ်။

ထိုင်ခုံအောက်တွေမှာရေတွေ ပြည့်လျှံသွားပါတယ်။ ရွှီချင့် ကားပတ်ပတ်လည်ကို လျှင်မြန်စွာကြည့်လိုက်သော်လည်း ချွန်ထက်သော အရာတစ်ခုကို မတွေ့ရ ပြီးတော့ထိုသို့လုပ်ပြီးအကူအညီတောင်းရန်မှာအသုံးမဝင်ပါ။  လေနှင့်မိုးသည် ကျယ်လောင်လွန်းသဖြင့် ဘာကိုမှ မကြားနိုင်ပေ။ အကြိမ်အနည်းငယ်ဖုန်းခေါ်သော်လည်း မည်သူမျှ ပြန်မဖြေပါ သူမပျောက်ဆုံးသွားသလိုခံစားလိုက်ရတယ်။

ကားသည် တံတားအောက်သို့ ဖြည်းဖြည်းချင်း လျှောကျလာသည်နှင့်အမျှ လမ်းမီးများ တရွေ့ရွေ့ပြောင်းလာပြီး တခဏချင်းတွင် ကားသည် အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။

ရေများက ကား၏ခါးပိုင်းလောက်အထိလျင်မြန်စွာနစ်သွားပြီး ကားအတွင်းပိုင်းနေရာသည် သေးငယ်သထက်သေးငယ်လာခဲ့သည်။  မိုးကအရှိန်ပြင်းပြင်းနဲ့ရွာနေပြီး ကားအတွင်းရော အပြင်မှာပါ ရေတွေ တပြိုင်နက်တည်း တက်လာပါတယ်။

သည်းထန်စွာရွာသွန်းသောမိုးက ကားခေါင်မိုးနှင့် ပြတင်းပေါက်များကြားတွင် သဲသဲမဲမဲရွာနေခဲ့ပြီးတစ်စုံတစ်ယောက်က ဤအကျဉ်းထောင်ကိုပြင်းထန်စွာလှုပ်ယမ်းနေသကဲ့သို့ပင်။

Waiting for you in a city (MM translation)Where stories live. Discover now