Chapter 28

602 49 1
                                    

မီးခိုးမြူများ၏ အနီရောင်သတိပေးချက်ကဲ့သို့ပင်၊ အိမ်ဝင်းထဲက အလင်းရောင်ဖျော့ဖျော့သာတောက်ပနေသည်၊ ဗရမ်းဗတာနိုင်သောမြူရိပ်တွေဟာ မှိန်ဖျော့ဖျော့ဖြင့်ဝန်းရံထားပြီး CBD အဆောက်အဦကြီးကိုဖုံးကွယ်ထားလျက်ရှိ၏။

ကျိုင်မြောင်သည် အရှေ့ဘက်အခန်းအဝင်ဝ လှေကားထစ်များပေါ်တွင် ထိုင်ကာ သူမရဲ့ဖြည်နေသောဖိနပ်ကြိုးကိုချည်နှောင်လိုက်သည်။ မျက်နှာချင်းဆိုင်အခန်းတစ်ဝိုက်က တံခါးက ပွင့်လာတော့ ကျိုင်မြောင် က ချက်ချင်းထရပ်ကာ "ကော!"

စုန့်ယန့် ဂရုမစိုက်ဘဲ ဘေးဘက်က ရေချိုးခန်းထဲဝင်သွားပြီး သွားတိုက်ဖို့ သွားတိုက်ဆေးညှစ်လိုက်တယ်။

ကျိုင်မြောင် သည် မှန်ထဲမှ သူ့မျက်လုံးများနီရဲနေတာကိုမြင်လိုက်ရပြီး၊ မျက်ခွံအောက်တွင်လည်းအညိုရောင်အဝိုင်းတစ်ခုရှိနေသည်။ လူတစ်​​ယောက်​လုံး ​သရုပ်ပျက်နေပြီး တစ်​ညလုံး အိပ်​မ​ပျော်​​ခဲ့တာဖြစ်နိုင်ပါတယ်။

ကျိုင်မြောင်က တံခါးနားမှာ ရပ်လိုက်ပြီး "သူ့ကိုသွားရှာမလို့လား" လို့ အသံတိုးတိုးနဲ့ မေးတယ်။

စုန့်ယန့ ပြန်မဖြေဘဲ ပါးစပ်ကို ဆေးကြောကာ အောက်သို့ငုံ့၍ လက်နှစ်ဘက်ဖြင့် မျက်နှာသစ်လိုက်တယ် ထို့နောက်ပါးပြင်ကို မျက်နှာသုတ်ပဝါဖြင့်ခြောက်သွေ့စေပြီး မုတ်ဆိတ်ရိတ်သည်။ လျှပ်စစ်မုတ်ဆိတ်ရိတ်စက်သံမြည်လာ၏။

သူစကားမပြောချင်သည်ကိုမြင်တော့ ကျိုင်မြောင် က သက်ပြင်းချလိုက်ပြီး ကျောင်းလွယ်အိတ်ကိုဆွဲကိုင်ကာ ထွက်သွားရန်လှည့်ထွက်၍ စိတ်မသက်မသာဖြစ်သလိုခံစားရကာ သူ့ဆီပြန်လာခဲ့ပြန်သည်- "ကော၊သူကမူးနေခဲ့တာလို့သတိပေးချင်တယ်"

ကျိုင်မြောင် က "သူမကသူ့ခံစားချက်တွေကိုပဲ ဂရုစိုက်တယ်၊ အဓိပ္ပာယ်မရှိဘူး ပြီးတော့ ကောနဲ့သူ့ကြားကပြဿနာလည်းကမဖြေရှင်းရသေးဘူး၊ ကောဒီလိုမျိုးပြေးသွားလိုက်ပြီးထပ်ရှုပ်ထွေးသွားရင်ဘယ်လိုလုပ်မလဲ?"

"ငါသိတယ်" စုန့်ယန့်က ပါးစပ်ထောင့်တွေကို လှုပ်ယမ်းပြီး ပြောလိုက်တယ်။

Waiting for you in a city (MM translation)Where stories live. Discover now