Chapter 15

460 52 1
                                    

ရွှီချင့် စင်္ကြံတစ်လျှောက် လျင်မြန်စွာ လျှောက်သွားကာ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်၍ကူးစက်ရောဂါဌာနရှိ လုပ်ဖော်ကိုင်ဖက်များအား အခြေအနေကို သတင်းပို့သည် "ရေထဲမှာတုန်းကမီးသတ်အရာရှိလေးငါးဦးရှိနေခဲ့တာ  ကားကိုသယ်ပြီးလွှနဲ့ဖြတ်တုန်းက အချို့ထိခိုက်ဒဏ်ရာ ရခဲ့ကြသေးတယ်.. ကျွန်မတို့အရေးပေါ်ဌာနကလူတွေကတော့မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်ပြီးပြီ... ကောင်ပြီ... ​နောက်​ထပ်​​ကိစ္စရှိရင်ထပ်ပြီးဆက်​သွယ်​​လိုက်ပါ့မယ်"

ဖုန်းချလိုက်ပြီးတော့ စုန့်ယန့်ကိုအကြောင်းကြားချင်ပေမယ့် သူမတွင်သူ့ဖုန်းနံပါတ်က မရှိပေ။

အနှေးနှင့်အမြန်ဆိုသလို သူလဲအကြောင်းကြားခံရမှာပင်၊ ဤအချိန်တိုလေးအတွင်း အလျင်စလိုမလုပ်တော့ပါဘူး။

သူမက ရှောင်သုန့်ကိုအရင်သွားတွေ့ဖို့စီစဉ်ခဲ့ပေမယ့် တံခါးတစ်ချပ်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ စောင့်ကြည့်ခန်းထဲတွင်စုန့်ယန့် ကိုတွေ့လိုက်ရသည်။  သူမ မှားနေပြီလို့ ထင်မိပေမယ့် ပြန်ကြည့်လိုက်တော့ တကယ်ကိုသူပင် - သူကကုတင်ဘေးမှာ ထိုင်ပြီး သန့်ရှင်းတဲ့ တီရှပ်ကို ဝတ်ဆင်ကာ ဂျာကင်င်္အကျီကိုထပ်ဝတ်နေပါတယ်။

ရွှီချင့်က တံခါးကိုတွန်းဖွင့်ပြီး အထဲဝင်သွားလိုက်၏။ စုန့်ယန့် က သူ့ ဂျာကင်အင်္ကျီလက်ကိုဝတ်နေတဲ့ချိန် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်တဲ့အခါ သူ့နောက်ကျောကဒဏ်ရာကို ဆွဲဆန့်သလိုဖြစ်သွားတာကြောင်ြ မျက်မှောင်ကြုတ်ပြီး "ကျစ်" ခနဲအသံပြုလိုက်သည်။

ရွှီချင့် အကူအညီပေးရန် အလျင်အမြန်ခြေလှမ်းလိုက်သော်လည်း ကုတင်ဘေးကကန့်လန့်ကာနောက်ကွယ်မှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့၏။  အရင်တခေါက်ကဆေးရုံကို မီးသတ်စစ်ဆေးရန်လာခဲ့သည့် လီမုန့် က စုန့်ယန့်အားအဝတ်များ ယူလာပေးပုံရသည်။  သူမက ရှေ့သို့လှမ်းလိုက်ပြီး စုန့်ယန့် ၏လက်ထဲမှဂျာကင်အင်္ကျီကော်လာကိုကိုင်ကာ စုန့်ယန့်ဝတ်နိုင်ရန် အကူအညီပေးနေတယ်၊ ထို့နောက် သူ့ခြေထောက်နာတွင် ထိုင်ချလိုက်ကာ ဂျာကင်ဇစ်အောက်ခြေကိုဂရုတစိုက်ညှိကာဇစ်ပိတ်ပေးပါတယ်။

Waiting for you in a city (MM translation)Where stories live. Discover now