Chapter 25

513 45 6
                                    

"မီးဗျို့!  မီး!' ပဉ္စမထပ်ရှိ စားသောက်ဆိုင်အပြင်ဘက်တွင် တစ်စုံတစ်ယောက်ကအော်ဟစ်နေသည်။

စုန့်ယန့် သည် စားသောက်ဆိုင်အပြင်သို့ အပြေးအလွှား ထွက်သွားလိုက်ပါတယ်။ ရွှီချင့် နဲ့ စားပွဲထိုးကလည်းအော်သံကြောင့် ပြေးထွက်လာသည်။

အမျိုးသမီးများနဲ့ကလေးများက ပဉ္စမထပ်ကအလျင်အမြန်ထွက်သွားဖို့ပြင်နေကြတယ်။  တခြားလူတိုင်းကလည်းဖြစ်ပျက်နေတာကို သတိပြုမိလာသည်။  တော်တော်များများက ဖုန်းခေါ်၍ တစ်စုံတရာကို အကြောင်းကြားနေကြပါတယ်။

မီးလောင်မှုမှာ ပဉ္စမထပ်ရှိ Craft Studio မှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။  အတန်းချိန်အတွင်း ဖြစ်တတ်ပါတယ်။  (T/n: Craft Studio က ကိုယ်တိုင်ပါဝင်ပြီးhandmadeပစ္စည်တွေလုပ်လို့ရတဲ့နေရာ)

လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ တစ်စုံတစ်ဦးသည် ခိုးကာဆေးလိပ်သောက်နေပြီး စက္ကူပစ္စည်းကို မမျှော်လင့်ပဲမီးလောင်စေခဲ့သည်ဟုဆိုသည်။

လက်မှုပညာစတူဒီယိုအတွင်းတွင် စက္ကူနှင့်ပြုလုပ်ထားသောပစ္စည်းများ အများအပြားရှိနေသဖြင့် မီးသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။  ကျောင်းသူမိန်းကလေး များက တုန်လှုပ်ခြောက်ခြားကာအော်ဟစ်ပြီး အခန်းပြင်ကို ပြေးထွက်လာကြ၏။

စုန့်ယန့် သည် လူအုပ်ကို တွန်းဖယ်လိုက်ပြီး လက်ရာစတူဒီယို၏ မှန်တံခါးဆီသို့ ပြေးသွားလိုက်ပါတယ် ။  ထိုတွင်တစ်ယောက်တည်းကျန်နေသော အမျိုးသမီးတစ်ဦးကို သူမြင်သည်။  သူကမီးထဲမှာပိတ်မိနေတယ်။ စုန့်ယန့်က မှန်တံခါးကိုခေါက်လိုက်ရာ အမျိုးသမီးသည် ထိတ်လန့်သွားဟန်တူသည်။ စုန့်ယန့် က သူမကို အချက်ပြလိုက်တယ်။

အဲဒီအမျိုးသမီးက သူဆိုလိုချင်တာကို ချက်ခြင်းနားလည်ပြီး သူမခန္ဓာကိုယ်အနီးအနားကစက္ကူပစ္စည်းတွေအားလုံးကို လွှင့်ပစ်လိုက်ပါတယ်။

စုန့်ယန့် သည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ လူအုပ်ဆီသို့ ပြေးသွားလိုက်သည် ။

ရွှီချင့်က စားပွဲထိုးကိုမေးတယ် "မင်းတို့ဆိုင်ရဲ့ မီးသတ်ရေပိုက်က ဘယ်မှာလဲ?"

Waiting for you in a city (MM translation)Where stories live. Discover now