အပိုင်းတစ်

6.1K 333 9
                                    

( Unicode )

( Adropted Brother )

ဘဝတစ်လျှောက်လုံးအနိုင်ရခဲ့တယ်လို့ထင်နေခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘဝတစ်ခုလုံးစာအတွက်ရှုံးသွားခဲ့ရတာ ငါကိုယ်တိုင်တဲ့လား (!...)။

အချစ်ကလိမ်ညာခြင်းနဲ့အစပျိုးပြီး မျက်ရည်တွေနဲ့ပဲအဆုံးသတ်ခဲ့ရတာများလား ​ေဂျာင်...။

အချစ်က နွံနဲ့တူတယ်..."ငါ့ဂျီငယ်" ။

*****you and me,i am you******

* ငါ...ရည်းစားထားတော့မလို့ *

* ရယ်စရာလည်းမကောင်းဘူး!!အဟားဟား.... *

ရုတ်ချည်းကြားလိုက်ရသော အမှတ်မထင်စကားလေးတစ်ခွန်းကြောင့် မယုံနိုင်စွာဖြင့်မော့ကြည့်လာသူက "ဂျီငယ်"ဆိုသူဖြစ်ပြီး သူကပဲ ခပ်ဟဟလေးလှောင်ရယ်ရှာသည်။

ဆိုလိုတာက သူဒီစကားကို မယုံပါဘူးပေါ့။

* မရယ်နဲ့ဂျီ ငါတကယ်ပြောနေတာ *

* အိုကေ အိုကေ ငါမရယ်ဘူး...တကယ်မရယ်တော့ဘူး ဟိ *

မရယ်ဘူးပြောပြီး မထိတထိခိုးရယ်နေပြန်တာမို့ "ဂျောင်"မှာစိတ်တိုင်းမကျဖြစ်ရပြီး မျက်မှောင်ကုပ်ကြည့်ရှာသည်။အဲ့လိုပြန်တော့လည်း သူလေးက ဇတ်ကလေးအသာပုပြီး အူလည်လည်လေး ရယ်ပြပြန်သေးတာ။

တကယ်ပါပဲ။ပတ်ခ်ဂျီမင်က အမြင်ကပ်စရာအရမ်းကောင်းတယ်။ကပြတ်ကချော်လုပ်ပြဖို့ကလွဲရင် ဘာတစ်ခုကိုမှအလေးအနက်မထားတတ်ပါဘူးဆို။

* ငါမရှိတော့မှာကို နည်းနည်းလေးတောင် ဝမ်းမနည်းဘူးလား *

* တကယ်ကြီးလား *

* ညာတယ်လို့ ထင်နေပြန်ပြီလား *

ကိုယ့်မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီးမှ " ဒီ..ဂျောင် "ပြောလာတဲ့စကားက ဒါတဲ့လား။ဒီလိုစကားမျိုးကို ဒီတစ်သက်ကြားမှကြားရပါဦးမလားလို့ အမြဲတွေးနေခဲ့ရတာကို။

အသက်တွေကြီးလာတော့ ဟာသတွေတောင်ပြောတတ်လာပြီပဲ ငါ့ခွေးပေါက်လေးက။
ယုံပေးရမှာတဲ့လား?ငါ့ရဲ့ဂျောင်လေးက အဲ့လိုလုပ်စရာအကြောင်းနည်းနည်းလေးမှမရှိဘဲနဲ့။

ကိုကို(completed)Where stories live. Discover now