အပိုင်းခုနစ်

1.5K 138 28
                                    

( UNICODE )

( အပိုင်းခုနစ် )

နေကောင်းခါစကိုကို့ကို နလန်ပြန်ထူလာဖို့ဂရုစိုက်မှုတွေပေးခဲ့တာက အိမ်ကကလေးလေးသာဖြစ်၏။ဂရုစိုက်မှုတွေထဲ အကြင်နာတွေလည်းနည်းနည်းလေးတော့ ပိုပိုသာသာထည့်ပေးထားတာပေါ့။

ကိုကို့ကိုဆို ပတ်ခ်ဂျီမင်က တအားချစ်တာ။
ဒီကမ္ဘာကြီးထဲက ရှိရိှသမျှအရာအားလုံးထဲကိုကို့ကိုအချစ်ရဆုံး။စားလည်းကိုကို...အိပ်လည်းကိုကို ရေသောက်လည်းကိုကို ဘာလုပ်ကိုကိုပဲ။

နောက်ဆုံးအသက်ရှုရင်တောင်ကိုကိုကိုကိုလို့ပဲရှုတာ။မိဘတွေကိုတောင် အဲ့လောက်ထိစိတ်ထဲမှာနေရာမပေးထားပါဘူး။အဟမ်း!.. မေမေသာသိရင် ခေါင်းခေါက်ခံရတော့မှာ။

ပတ်ခ်ဂျီမင်ဘဝအတွက် ဘိုင်အိုဂျက်စစ်ကနံပါတ်တစ်မဟုတ်ဘူး..ကိုကိုသည်သာနံပါတ်တစ်..!ဒါကမှအမှန် ဟိုတီဗ္ီကြော်ငြာတွေကအမှားသပ်သပ်တွေ။ပြောပြီးသားပဲ မိဘတွေထက် ပိုချစ်ရပါတယ်လို့။

ကိုကိုနဲ့ဆို အချိန်ပြည့်ဖောလ်အင်လပ်ဖ်ချင်နေတာမို့ ဒီမှာတအားပဲ အဲ့ဒီယောကျာ်းကို ချစ်မိသွားခဲ့ပြီ။

* * * * * * * * * * * * * * * *

* ဒီအိမ်မှာ ဂျောင်ကုကီပဲ အသက်ရိှတယ် *

လှမ်းအော်ပြောလာတဲ့မေမေ့အသံကြီးကြောင့် အိမ်ကကလေးလေးမှာ နှုတ်ခမ်းစူချေပြီ။
တွေ့လား ပတ်ခ်ဂျီမင်ကိုဆို မေမေကအဲ့လိုကြည့်မရတာ။ကိုကို့ကိုဂရုစိုက်ပြတိုင်း ဒီအိမ်ကလူတွေက မနာလိုဖြစ်နေကြတာလေ။

မိဘတွေကိုဆို ရေတစ်ခွက်တောင်ခပ်တိုက်ဖော်မရတဲ့အိမ်ရဲ့ငဂျစ်လေးက သူ့ကိုကိုအတွက်တော့ မီးဖိုချောင်ထဲရောက်နေတာဖြစ်၍ မေမေတို့မနာလိုဖြစ်နေတာအသိအသာကြီး။အိမ်ကလူတွေအမြင်ကပ်ချင်လည်းကပ်ကြပေါ့...ပတ်ခ်ဂျီမင်က ကိုကို့ကိုပဲသိတတ်မှာ။

မီးဖိုချောင်ထဲရောက်တယ်ဆိုလို့ အထင်မကြီးကြစေချင်လိုပါ။ဟင်းက အိမ်ကအဒေါ်ကြီးချက်တာဖြစ်ပြီး သူ့တာဝန်က ဘေးကနေဆရာကြီးလိုက်လုပ်ဖို့နဲ့ လိုက်ရှုပ်ဖို့။ဘယ်လိုပဲပြောပြော ကိုကို့အတွက်စွပ်ပြုတ်ချက်ခိုင်းတဲ့လူက ငါမို့ ဒီဟင်းကိုငါချက်ထားတာပဲ။

ကိုကို(completed)Where stories live. Discover now