အပိုင်းလေး

1.8K 202 31
                                    

( Unicode )

( အပိုင်းလေး )

* အားရှီးးးး...သေပြီ သေပြီ သေပြီ S**! *

ရှုံးပွဲတွေဆက်တိုက်ဆိုသလိုဖြစ်နေခဲ့တာကြောင့် အင်တာနက်ဂိမ်းကစားတာကိုပင်
စိတ်တွေက မပျော်ရွှင်တော့။နားမှာတပ်ထားသည့် နားကြပ်ကြီးကိုဖြုတ်ပစ်လိုက်ရင်း
ခုံနောက်သို့ ကျောမှှီလိုက်ချပစ်သည်။

ကိုကိုနဲ့အဆင်မပြေတဲ့ရက်တွေဆို ဘာလုပ်လုပ်အဆင်ပြေမနေပါဘူး။အခုတောင် ဒီဂိမ်းလေးဆော့တာကို ခဏခဏဂိမ်းအိုဗာဖြစ်နေရတယ်လို့...ဟူး။

ဂိမ်းစက်ရှိရာစင်ပေါ်ကို ခြေထောက်တွေထိုးတင်ထားလိုက်ပြီး ရည်းစားဖြစ်သူလူကြီးဆီဖုန်းခေါ်ပစ်လိုက်သည်။သို့သော်ကိုင်မလာခဲ့ပါ။

တစ်ခါကြီးများတာင် ခေါ်လို့မပြီးသေးပါဘူး။ခေါ်လတ်စဖုန်းကော်လ်ကို Endပစ်လိုက်ကာ
ခုတင်ပေါ်ကို လှမ်းပစ်တင်လိုက်သည်။ပတ်ခ်ဂျီမင်ကို ဒီလိုအချိုးမျိုးလာချိုးလို့မရဘူး။

* တစ်သတ်လုံးစိတ်ဆိုးပြီးလဲသေလိုက်တော့ စောစောစီးစီးအာရုံကိုစားလွန်းတယ် *

အခုအဆဲခံလိုက်ရတာသည် ဟန်ထယ်ဟျွန်းဆိုတဲ့ သူ့လူကြီးပါ။အသက်တွေအများကြီးကွာနေလည်း ပတ်ခ်ဂျီမင်ကစိတ်ဆိုးလာရင်ထိုသို့ဆဲပစ်တတ်ပါ၏။

ဂိမ်းရှုံးလို့ ဘူနေရတဲ့အထဲ ရည်းစားနဲ့ပါ
ကွိုင်ထားတော့ ပတ်ခ်ဂျီမင်တို့အကြီးကြီးတွေပျော်နေပြီ။ရည်းစားတွေအဖြစ် အတိအလင်းစတွဲစဥ္ကတည်းက လူကြီးလို့ပြောင်းခေါ်ခဲ့တာကြာလှနေပြီ။

သူကတော့ ပြောရှာပါရဲ့ သူ့ကို"ကိုကို"လို့
ခေါ်ပေးပါတဲ့လေ။မရပါဘူး။ငါတန်းငြင်းပစ်ခဲ့တာပေါ့။ပတ်ခ်ဂျီမင်မှာ ကိုကိုဆိုလို့ဂျောင်တစ်ယောက်တည်းပဲရှိတယ်။

လူကြီးစိတ်ဆိုးလည်းမတတ်နိုင်ဘူး။ကိုကိုနဲ့အတူတူနေလာခဲ့တာပဲ ဆယ်စုနှစ်ကျော်နေပြီ။ဒါကို အခုမှချစ်တဲ့လူက ကိုကို့နေရာလိုချင်နေလို့ရမလား။

ရည်းစားကရည်းစား...!ကိုကိုက ကိုကိုပဲ
မတူဘူး။ချစ်တာချင်းလည်းမတူဘူး။
သံယောဇဥ္ချင်းလည်းမတူဘူး။

ကိုကို(completed)Where stories live. Discover now